တောင်အာဖရိက ဗဟိုဘဏ်ဟာ သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလားပုံပါတဲ့ ငွေစက္ကူနဲ့ အကြွေစေ့တွေကို ထုတ်ဝေလိုက်ပါတယ်။
ကွယ်လွန်သူ သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား အသက် ၁ဝဝ ပြည့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ အခုလို ထုတ်ဝေလိုက်တာပါ။
မန်ဒဲလားဟာ တောင်အာဖရိကရဲ့ ပထမဆုံး လူမည်းသမ္မတဖြစ်ပြီး အသားအရောင် ခွဲခြားမှုကို တိုက်ဖျက်ခဲ့သူ ဖြစ်ပါတယ်။
အသစ်ထုတ်လိုက်တဲ့ ငွေစက္ကူတရွက်ချင်းစီမှာတော့ သမ္မတဟောင်း မန်ဒဲလားရဲ့ နိုင်ငံ့အတွက် ကြိုးပမ်းချက်တွေနဲ့ အထင်ကရဖြစ်ရပ်တွေကို ရေးဆွဲဖော်ပြထားပါတယ်။
၅ ရန်း (rand) တန် အကြွေစေ့မှာတော့ မန်ဒဲလား ပြုံးနေတဲ့ပုံကို ရိုက်နှိပ်ထားပါတယ်။ အခုအသစ်ထုတ်လိုက်တဲ့ ငွေစက္ကူတွေနဲ့ အကြွေစေ့တွေရဲ့တန်ဖိုးဟာ တောင်အာဖရိကနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ ငွေစက္ကူနဲ့ အကြွေစေ့တွေ တန်ဖိုးအတိုင်း ရှိမှာဖြစ်ပါတယ်။
ငွေစက္ကူတွေကို သန်း ၄ဝဝ ဖိုးအထိ ထုတ်သွားမှာဖြစ်ပြီး လာမယ့် ရက်ပေါင်း ၁ဝဝ အတွင်း ဘဏ်တွေမှာပါ သုံးစွဲလည်ပတ်နိုင်အောင် စီစဉ်သွားမယ်လို့ တောင်အာဖရိက ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောပါတယ်။
5 years Ago