နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ဆီးရီးယားမိသားစုတစုကို ကနေဒါရဲတပ်ဖွဲ့ ဖမ်းဆီး

February 13, 2017

နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ဆီးရီးယားမိသားစုတစုကို ကနေဒါရဲတပ်ဖွဲ့ ဖမ်းဆီး

နိုင်ငံရေးခိုလှုံခွင့်ရဖို့အတွက် ဖေဖော်ဝါရီ ၁၁ ရက်နေ့က အမေရိကန်-ကနေဒါနယ်စပ်ကို ဖြတ်ကျော်ပြီး ကနေဒါနိုင်ငံထဲ ဝင်ရောက်ခဲ့သူ ဆီးရီးယားမိသားစုတစုကို ကနေဒါရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ၃ နှစ်အရွယ် ကလေးငယ်တဦးပါဝင်တဲ့ အဲ့ဒီ ဆီးရီးယားမိသားစုဟာ နေ့အပူချိန် အနုတ် ၁၅ ဒီဂရီစင်တီဂရိတ်လောက်အထိ ကျဆင်းနေတဲ့ အေးခဲတဲ့ ရာသီဥတုအောက်မှာ အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်ကနေ ကနေဒါနိုင်ငံ ကူးဘက်မြို့ နယ်စပ်ဆီ ခိုးဝင်လာတာဖြစ်ပါတယ်။ အခုလို နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသူ အရေအတွက်က ပြီးခဲ့တဲ့လတွေအတွင်း မြင့်တက်ခဲ့တယ်လို့ ကနေဒါနယ်စပ်လုပ်ငန်းအေဂျင်စီ (CBSA) က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာလက အမေရိကန်ကနေ ကနေဒါနယ်စပ်ကို ခိုးဝင်လာသူ ဒုက္ခသည် ၃၆၈ ဦး ရှိခဲ့ပြီး ဒီဇင်ဘာလမှာ ၅၉၃ ဦးအထိ မြင့်တက်ခဲ့ကြောင်း ကနေဒါနယ်စပ်လုပ်ငန်းအေဂျင်စီ (CBSA) ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up