နယ်စပ်စည်းရိုးဖြတ်ပြီး နိုင်ငံကူး အစာရှာထွက်သည့် အံ့ဖွယ်ဆင်ရိုင်းကလေး

January 29, 2018

နယ်စပ်စည်းရိုးဖြတ်ပြီး နိုင်ငံကူး အစာရှာထွက်သည့် အံ့ဖွယ်ဆင်ရိုင်းကလေး (ရုပ်သံ)

တောဆင်ရိုင်းကလေးတကောင်ဟာ နိုင်ငံနှစ်နိုင်ငံကြား နယ်နိမိတ်ကိုဖြတ်ပြီး အစာရှာထွက်ခဲ့တဲ့ အဖြစ်အပျက်ဟာ တကယ့်ကို အံ့သြစရာပါပဲ။ ဒီအဖြစ်အပျက်ဟာ ဇန်နဝါရီ ၂၇ ရက်နေ့က ဖြစ်ခဲ့ပြီး စီစီတီဗွီ လုံခြုံရေး ကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့တာလို့ ဘီဘီစီသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ မနက်ခင်း အစောပိုင်းအချိန်မှာ ဖမ်းယူရရှိခဲ့တဲ့ ပုံရိပ်တွေအရ ဆင်ကလေးဟာ ဂိတ်အတားတုံးတွေကို တဆင့်ချင်း ကျော်ဖြတ်ခဲ့တာဟာ အစာရှာဖို့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ သူဟာ တရုတ်နိုင်ငံ၊ ယူနန်ခရိုင်ထဲကနေ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံဘက်အခြမ်းကို ကူးသွားခဲ့တာဖြစ်ပြီး အဲဒီနေရာကနေပဲ ပြန်ဖြတ်ပြီးတော့ နေရင်းအရပ်ဆီ ပြန်ဝင်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ သူ လာအိုနိုင်ငံဘက်ခြမ်းကို ဖြတ်ကူးသွားခဲ့တဲ့ အချိန်ကတော့ မနက်ခင်း ၄ နာရီခွဲလောက် ရှိနေခဲ့ပြီဖြစ်ပြီး အချိန် ၂ နာရီလောက် အကြာမှာတော့ အဲဒီနေရာဂိတ်ဆီ ပြန်လာခဲ့ကာ ဒီတကြိမ်မှာတော့ မကျော်တော့ဘဲ ဘေးက ပတ်ကွေ့ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up