နယူးယောက် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အာဖဂန်ဖွား အမေရိကန်နိုင်ငံသားတဦးကို ရှာဖွေ

A d v e r t i s e m e n t With Us

September 20, 2016

နယူးယောက် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အာဖဂန်ဖွား အမေရိကန်နိုင်ငံသားတဦးကို ရှာဖွေ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး အာဖဂန်နိုင်ငံဖွား၊ အမေရိကန်နိုင်ငံသားတဦးကို ရှာဖွေနေတယ်လို့ နယူးယောက်မြို့ အာဏာပိုင်တွေက စက်တင်ဘာ ၉ ရက်မှာ ပြောပါတယ်။ နယူးယောက်မြို့၊ ချယ်ဆီးရပ်ကွက် ဗုံးပေါက်ကွဲမှုမှာ လူ ၂၉ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အခု နယူးယောက်ရဲတပ်ဖွဲ့က ရှာဖွေနေတဲ့ အသက် ၂၈ နှစ်အရွယ်၊ အာမက်ခန်း ရာဟာမီဟာ နယူးဂျာဆီပြည်နယ်၊ အဲလိဇဘတ်မြို့မှာ နောက်ဆုံး နေထိုင်ခဲ့တယ်လို့ အက်ဖ်ဘီအိုင် အရာရှိတွေက ဆိုပါတယ်။ စက်တင်ဘာ ၁၉ ရက် အစောပိုင်းက အဲလိဇဘတ်မြို့မှာ တွေ့ရှိခဲ့တဲ့ ဖောက်ခွဲရေးပစ္စည်းတခုကို စက်ရုပ်နဲ့ ရှင်းလင်းနေချိန်မှာ ပေါက်ကွဲခဲ့ပြီး လူထိခိုက်ခဲ့မှုတော့ မရှိခဲ့ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ရုံးအားလပ်ရက်တွေအတွင်း နယူးယောက်မြို့နဲ့ နယူးဂျာဆီပြည်နယ်မှာ ဗုံးပေါက်ကွဲမှုတွေ၊ မင်နီဆိုးတားပြည်နယ်မှာ ဓားထိုးတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့အပြီး ဖောက်ခွဲရေးပစ္စည်းတွေ တွေ့ရှိခဲ့မှု အားလုံးက ဆင်တူနေပါတယ်။ ဒီဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ လူ ၅ ဦးကို ထိန်းသိန်းထားပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်နေပေမယ့် ဘယ်သူ့ကိုမှ ဖမ်းဆီးအရေးယူခြင်းတော့ မရှိသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ ၂၀၁၃ ခုနှစ်က ဘော့စတွန် မာရသွန်ပြိုင်ပွဲမှာ တိုက်ခိုက်ခဲ့တဲ့ဗုံးနဲ့ အခုတွေ့ရှိတဲ့ဗုံးတွေ ဆင်တူတယ်လို့ အမေရိကန် မီဒီယာတွေမှာ ဖော်ပြပါတယ်။
4 years Ago
Up