နယူးယောက်ထောင်ပြေး နှစ်ဦးထဲက တဦးကို အသေပစ်ခတ်ဖမ်းဆီး

June 29, 2015

နယူးယောက်ထောင်ပြေးကို ပစ်ခတ်ဖမ်းဆီးရသည့်အတွက် ဒဏ်ရာအပြင်းအထန်ရ

နယူးယောက် အကျဥ်းထောင်ကနေ ထောင်ဖောက်ထွက်ပြေးသွားတဲ့ ဒေးဗစ်ဆွပ်ကို ကနေဒါနယ်စပ်မှာ ရဲက ပစ်ခတ်ဖမ်းဆီးစဉ် သေမလောက် ဒဏ်ရာရခဲ့တဲ့အတွက် ဆေးရုံတင်ထားရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဇွန် ၂၈ ရက်နေ့က နယ်ခံဆေးရုံတရုံကို အရေးပေါ် ပို့လိုက်ပြီးနောက် အယ်ဘန်နီ ဆေးရုံကို ဆက်ပို့လိုက်ရာ အရေးပေါ် အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။ ဒေးဗစ် ဆွပ်ကို ဖမ်းမမိခင် ၂ ရက်ကတော့ သူနဲ့ ထောင်ဖောက်ပြေးဘက် ရစ်ချတ် မတ်ကို ရဲက အသေဖမ်းမိခဲ့ပါတယ်။ နှစ်ရှည်အကျဥ်းသား ၂ ယောက်ဟာ နယူးယောက်ပြည်နယ် ဒန်နီ မိုလာမြို့မှာရှိတဲ့ ကလင်တန် အကျဥ်းထောင်ကနေ ဇွန်လ ၆ ရက်နေ့ကတည်းက ထွက်ပြေးလွတ်မြောက်ခဲ့ကြတာပါ။ သူတို့ လွတ်မြောက်သွားခဲ့ပြီးနောက် သုံးပတ်လုံးလုံး ရဲက ပိုက်စိပ်တိုက် ရှာဖွေခဲ့ပြီး နောက်ဆုံးမှာတော့ နယူးယောက်ပြည်နယ် မြောက်ပိုင်းက တောအုပ်တွေထဲမှာ ရဲအင်အား ၁၃၀၀ လောက်က တောနင်းရှာခဲ့ရတာပါ။ ဇွန်လ ၂၈ ရက်နေ့ မနက် ၃ နာရီ ၂၀ လောက်မှာ ရဲတပ်ကြပ်ကြီး ဂျေးကွပ်က  ဒေးဗစ်ဆွပ်ကို တွေ့ရှိခဲ့တယ်လို့ [caption id="attachment_100145" align="alignright" width="250"]ရဲတပ်ကြပ်ကြီး ဂျေးကွပ်။ (ဓာတ်ပုံ - nytimes) ရဲတပ်ကြပ်ကြီး ဂျေးကွပ်။ (ဓာတ်ပုံ - nytimes)[/caption] ရဲအဖွဲ့က ပြောပါတယ်။ တရားခံက ထွက်ပြေးတဲ့အတွက် ကိုယ်ပိုင်းကို သေနတ်နဲ့ ၂ ချက် ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သေနတ်ဒဏ်ရာနဲ့ ဒေးဗစ်ဆွပ်ကို လက်ရဖမ်းဆီးမိပြီး အချုပ်ကနေတဆင့် နယ်ခံဆေးရုံကို ပို့ခဲ့ရတယ်လို့ ဆိုပါတယ်။ ထောင်ပြေး ၂ ယောက်ကို ခြေရာခံ ဖမ်းဆီးနိုင်ဖို့ ရဲအဖွဲ့ဟာ ဝေးလံခေါင်ဖျားပြီး တောတောင်ထူတဲ့ နယ်မြေတွေမှာ ၂၄ နာရီ မနားမနေ ကြိုးပမ်းခဲ့ရတာ ဖြစ်ပါတယ်။ ထောင်ပြေး ၂ ယောက်စလုံးကို ပြန်မမိခင်ကတည်းက ထောင်ဝန်ထမ်း အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ကို ထောင်ဖောက်မှုမှာ အားပေးကူညီမှုနဲ့ တရားစွဲထားပါတယ်။
6 years Ago

နယူးယောက်အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသား ပြန်ဖမ်းမိ

နယူးယောက် အကျဉ်းထောင်ကနေ ထောင်ဖောက်ထွက်ပြေးသွားခဲ့တဲ့ ဒေးဗစ်ဆွပ်ကို ကနေဒါနယ်စပ်မှာ ရဲက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးနိုင်တယ်လို့ ဇွန် ၂၈ ရက်နေ့က သတင်းတွေမှာ ဖော်ပြပါတယ်။ သူနဲ့အတူ ထောက်ဖောက်ပြေးဘက် ရစ်ချတ်မတ်ကို အသေဖမ်းဆီးပြီး ၂ ရက်အကြာမှာ လွတ်နေတဲ့ ဒေးဗစ်ဆွပ်ကို ဖမ်းဆီးနိုင်တာ ဖြစ်ပါတယ်။ ဒေးဗစ်ဆွပ်ဟာ အသက် ၃၅ နှစ်အရွယ်ဖြစ်ပြီး နယူးယောက်ပြည်နယ်ထဲမှာရှိတဲ့ ကလင်တန် အကျဥ်းထောင်ကနေ လွန်ခဲ့တဲ့ သုံးပတ်က ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။ ရစ်ချတ်မတ်ကို အသေဖမ်းဆီးပြီးကတည်းက နယ်စပ်လုံခြုံရေး အရာရှိတွေဟာ ကနေဒါ နယ်စပ်ကိုပိတ်ပြီး ဒေးဗစ်ဆွပ်ကို ပိုက်စိတ်တိုက် ရှာဖွေနေခဲ့တာပါ။ ရှာဖွေရေးမှာ ပြည်ထောင်စုနဲ့ ပြည်နယ်ရဲအဖွဲ့က အင်အား ၁၂၀၀ ပါဝင်ပြီး ၂၂ စတုရန်းမိုင် ရှိတဲ့ နယ်မြေတ၀ိုက်မှာ ခြေရာခံရှာဖွေခဲ့တာ ဖြစ်ပါတယ်။ ထောင်ပြေးနှစ်ယောက်လုံးကို ဖမ်းမိတဲ့ နေရာဟာ ကနေဒါနယ်စပ်ကနေ တောင်ဘက် ကပ်လျက်နယ်မြေဖြစ်တဲ့ နယူးယောက် ပြည်နယ်ထဲက မယ်လုံးမြို့အနီးတ၀ိုက် ဖြစ်ပါတယ်။
6 years Ago

June 27, 2015

တူနီးရှားနိုင်ငံ စူဆာမြို့ ဟိုတယ်ပစ်ခတ်မှု ၃၇ ဦး သေဆုံး

တူနီးရှားနိုင်ငံ စူဆာမြို့ ဟိုတယ်မှာ ဇွန် ၂၆ ရက်နေ့က သေနတ်သမားတဦးဟာ ရုပ်ဖျက်ပြီး ထီးထဲမှာ ဝှက်ယူလာတဲ့ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဗြိတိန်နိုင်ငံသား အနည်းဆုံး ၅ ဦးနဲ့ ဂျာမန်၊ ဘယ်လ်ဂျီယံ ခရီးသည်တွေ အပါအဝင် လူ ၃၇ ယောက် သေဆုံးခဲ့ပါတယ်။ မြို့တော်ကျူးနစ်ရဲ့ တောင်ဘက် ကီလို ၁၄၀ အကွာက အပန်းဖြေစခန်းသာမြို့ရဲ့ အင်ပီးရီးယဲ မာဟာဘာ ဟိုတယ်မှာ သေနတ်သံတွေ ပေါက်ကွဲမှုတွေအပြီး ရဲတွေက သေနတ်သမားကို အသေပစ်သတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တဦးကတော့ သေသွားတဲ့ သေနတ်သမားဟာ ကျောင်းသားတဦးဖြစ်ပြီး အာဏာပိုင်တွေ မသိတဲ့၊ စောင့်ကြည့်စာရင်းဝင် မဟုတ်တဲ့သူလို့ ပြောပါတယ်။ သေနတ်သမားဟာ ကမ်းခြေနဲ့ ရေကူးကန်မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး ဖောက်ခွဲရေး ပစ္စည်းတခုနဲ့ ပစ်ခဲ့သေးတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ သေဆုံးသူရဲ့ကိုယ်ပေါ်မှာ ဗုံးတလုံး တွေ့တယ်လို့ လုံခြုံရေး သတင်းရင်းမြစ်က ပြောပါတယ်။ ဒီတိုက်ခိုက်မှုအတွက် ဘယ်သူကမှ တာဝန်မခံသေးပါဘူး။ ဒါပေမယ့် အစ္စလာမ္မစ် ဘာသာရေးစစ်ဝါဒီတွေက မြောက်အာဖရိကရဲ့ ခရီးသွားလုပ်ငန်း ထွန်းကားရာ နိုင်ငံမှာ တိုက်ခိုက်မှုတွေ အရင်က လုပ်ခဲ့ဖူးပါတယ်။ ဒါဟာ ဒီနှစ်မှာ တူနီးရှားနိုင်ငံအတွင်း ဒုတိယမြောက် အကြီးစား တိုက်ခိုက်မှုဖြစ်ပါတယ်။ အရင်လတုန်းကလည်း အစ္စလာမ္မစ် စစ်သွေးကြွတွေဟာ တူးနစ်မြို့က ဘာဒိုပြတိုက်ကို တိုက်ခိုက်ချိန်အတွင်း သေနတ်သမားတွေက နိုင်ငံခြားသား ဧည့်သည် ၂၁ ယောက်ကို သတ်ခဲ့ပါသေးတယ်။ ရဲတွေက ဒုတိယသေနတ်သမားကို ဖမ်းခဲ့တယ်လို့ ဒေသခံရေဒီယိုက အစီရင်ခံပါတယ်။ ရာမာဒန်ဥပုသ်လရဲ့ သောကြာနေ့မှာ တူနီးရှားမှာသာမက ကူဝိတ်ရှိ ဗလီတလုံးမှာ အသေခံဗုံးခွဲမှုကြောင့် လူ ၂ ဒါဇင် သေဆုံးပါတယ်။ ဆီးရီးယားမြောက်ပိုင်းမှာတော့ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေသတ်လို့ အနည်းဆုံး အရပ်သား ၁၄၅ ဦး သေဆုံးတယ်လို့ အစီရင်ခံထားပါတယ်။
6 years Ago

နယူးယောက်ထောင်ပြေး နှစ်ဦးထဲက တဦးကို အသေပစ်ခတ်ဖမ်းဆီး

နယူးယောက် အကျဉ်းထောင်ကို ဖောက်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ နှစ်ရှည်အကျဉ်းသား နှစ်ဦးထဲက တဦးကို ဇွန် ၂၆ ရက်နေ့က အသေဖမ်းနိုင်ခဲ့ပြီး ကျန်တဦးကို ဆက်လက်ရှာဖွေနေပါတယ်။ ရစ်ချက် မတ် ဆိုတဲ့ အကျဉ်းသားကို ကနေဒါနဲ့ နယ်စပ် တီတက်စ် ရေကန်နယ်မြေမှာ ဇွန် ၂၆ ရက်နေ့မှာ ရဲက အသေ  ပစ်ခတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်နယ်ရဲအဖွဲ့ ပြောပါတယ်။ဒေးဗစ် ဆွက် ဆိုတဲ့ နောက်အကျဥ်းသားတဦးကတော့ လွတ်မြောက်နေပါတယ်။ နှစ်ရှည် အကျဉ်းသားနှစ်ဦးဟာ လုံခြုံရေး တင်းကြပ်တဲ့ ကလင်တန်အကျဉ်းထောင်ကနေ လွန်ခဲ့တဲ့ ၃ ပတ်ကတည်းက ထွက်ပြေးလွှတ်မြောက်ခဲ့တာဖြစ်ပြီး ရဲက ပိုက်စိပ်တိုက်ရှာဖွေနေတဲ့ ကြားက ကနေဒါဘက်ကို ထွက်ပြေးဖို့ ကြိုးစားတယ်လို့ ရဲအဖွဲ့က ယူဆနေပါတယ်။ [caption id="attachment_99735" align="aligncenter" width="622"]ရစ်ချက် မတ်နှင့် ဒေးဗစ် ဆွက် ရစ်ချက် မတ်နှင့် ဒေးဗစ် ဆွက်[/caption] ရစ်ချတ်မတ်ကို အသေဖမ်းတဲ့ တောထဲမှာပဲ  ဒေးဗစ်ဆွက်ကလည်း ထွက်ပြေးနေတာကြောင့်  ရဲအင်အား ၁၁၀၀ က ဆက်လက်ရှာဖွေနေပါတယ်။ ထောင်ပြေး နှစ်ဦးကို ခြေရာခံမိတဲ့ မယ်လုံးမြို့ဟာ နယူးယော့ခ် ပြည်နယ်ထဲမှာပဲ ရှိပြီး  ကလင်တန် အကျဉ်းထောင်ကနေ အနောက်တောင်ဘက် ၂၇ မိုင်အဝေးက ကနေဒါနယ်စပ်မှာ တည်ရှိပါတယ်။
6 years Ago
Up