နယူးယောက်ထောင်ပြေးကို ပစ်ခတ်ဖမ်းဆီးရသည့်အတွက် ဒဏ်ရာအပြင်းအထန်ရ

June 29, 2015

နယူးယောက်ထောင်ပြေးကို ပစ်ခတ်ဖမ်းဆီးရသည့်အတွက် ဒဏ်ရာအပြင်းအထန်ရ

နယူးယောက် အကျဥ်းထောင်ကနေ ထောင်ဖောက်ထွက်ပြေးသွားတဲ့ ဒေးဗစ်ဆွပ်ကို ကနေဒါနယ်စပ်မှာ ရဲက ပစ်ခတ်ဖမ်းဆီးစဉ် သေမလောက် ဒဏ်ရာရခဲ့တဲ့အတွက် ဆေးရုံတင်ထားရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဇွန် ၂၈ ရက်နေ့က နယ်ခံဆေးရုံတရုံကို အရေးပေါ် ပို့လိုက်ပြီးနောက် အယ်ဘန်နီ ဆေးရုံကို ဆက်ပို့လိုက်ရာ အရေးပေါ် အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။ ဒေးဗစ် ဆွပ်ကို ဖမ်းမမိခင် ၂ ရက်ကတော့ သူနဲ့ ထောင်ဖောက်ပြေးဘက် ရစ်ချတ် မတ်ကို ရဲက အသေဖမ်းမိခဲ့ပါတယ်။ နှစ်ရှည်အကျဥ်းသား ၂ ယောက်ဟာ နယူးယောက်ပြည်နယ် ဒန်နီ မိုလာမြို့မှာရှိတဲ့ ကလင်တန် အကျဥ်းထောင်ကနေ ဇွန်လ ၆ ရက်နေ့ကတည်းက ထွက်ပြေးလွတ်မြောက်ခဲ့ကြတာပါ။ သူတို့ လွတ်မြောက်သွားခဲ့ပြီးနောက် သုံးပတ်လုံးလုံး ရဲက ပိုက်စိပ်တိုက် ရှာဖွေခဲ့ပြီး နောက်ဆုံးမှာတော့ နယူးယောက်ပြည်နယ် မြောက်ပိုင်းက တောအုပ်တွေထဲမှာ ရဲအင်အား ၁၃၀၀ လောက်က တောနင်းရှာခဲ့ရတာပါ။ ဇွန်လ ၂၈ ရက်နေ့ မနက် ၃ နာရီ ၂၀ လောက်မှာ ရဲတပ်ကြပ်ကြီး ဂျေးကွပ်က  ဒေးဗစ်ဆွပ်ကို တွေ့ရှိခဲ့တယ်လို့ [caption id="attachment_100145" align="alignright" width="250"]ရဲတပ်ကြပ်ကြီး ဂျေးကွပ်။ (ဓာတ်ပုံ - nytimes) ရဲတပ်ကြပ်ကြီး ဂျေးကွပ်။ (ဓာတ်ပုံ - nytimes)[/caption] ရဲအဖွဲ့က ပြောပါတယ်။ တရားခံက ထွက်ပြေးတဲ့အတွက် ကိုယ်ပိုင်းကို သေနတ်နဲ့ ၂ ချက် ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သေနတ်ဒဏ်ရာနဲ့ ဒေးဗစ်ဆွပ်ကို လက်ရဖမ်းဆီးမိပြီး အချုပ်ကနေတဆင့် နယ်ခံဆေးရုံကို ပို့ခဲ့ရတယ်လို့ ဆိုပါတယ်။ ထောင်ပြေး ၂ ယောက်ကို ခြေရာခံ ဖမ်းဆီးနိုင်ဖို့ ရဲအဖွဲ့ဟာ ဝေးလံခေါင်ဖျားပြီး တောတောင်ထူတဲ့ နယ်မြေတွေမှာ ၂၄ နာရီ မနားမနေ ကြိုးပမ်းခဲ့ရတာ ဖြစ်ပါတယ်။ ထောင်ပြေး ၂ ယောက်စလုံးကို ပြန်မမိခင်ကတည်းက ထောင်ဝန်ထမ်း အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ကို ထောင်ဖောက်မှုမှာ အားပေးကူညီမှုနဲ့ တရားစွဲထားပါတယ်။
6 years Ago
Up