အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ရွှေ ၃၉ ကီလိုထည့်ထားတဲ့ သံပုံးတပုံးကို သူခိုးတယောက်က အစောင့်တွေအလစ်မှာ ခိုးယူသွားလို့ ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်နေပါတယ်။
လုံခြုံရေးကင်မရာတွေက ရိုက်ယူထားတဲ့ ရုပ်သံပုံတွေမှာ ရွှေပုံးကို တင်ဆောင်လာတဲ့ လုံခြုံရေးအဆင့်မြင့်ကားမှာ ၀န်ထမ်းတွေ စက္ကန့် ၂၀ လောက် လွတ်သွားတဲ့အချိန်မှာ သူခိုးက ရွှေပုံးကို မ သွားခဲ့တာပါ။
သူခိုးပုံစံကြည့်ရတာ အဲဒီပတ်ဝန်းကျင်မှာ မယောင်မလည်နဲ့ စောင့်နေပုံပေါ်ပြီး ခိုးသာခိုးသွားတယ်၊ ဘာပုံးမှန်းတောင် သိပုံမပေါ်ဘူးလို့ နယူးယောက်မြို့ ရဲတပ်ဖွဲ့ အရာရှိက ပြောပါတယ်။
သူခိုးဟာ ၁၀ မိနစ်လောက်ပဲ လျှောက်ရတဲ့ခရီးကို ရွှေပုံးနဲ့ တနာရီလောက် မ သွားရတာကို လုံခြုံရေးကင်မရာတွေမှာ တွေ့မြင်ရပါတယ်။
သူခိုးဟာ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့ ဒါမှမဟုတ် မိုင်ယာမီဧရိယာမှာ ပုန်းအောင်းနေပုံရတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
နယူးယောက်မြို့က လူစည်ကားတဲ့ မန်ဟတ်တန်မှာ စက်တင်ဘာ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၅၀၊ ၆၀ အရွယ်၊ အရပ် ၅ ပေခွဲလောက်ရှိမယ်လို့ ခန့်မှန်းရပြီး စပိန်စကားပြော လက်တင်အမေရိကန်တဦးဖြစ်မယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
6 years Ago