နယူးယောက်တွင် တကိုယ်လုံးမီးစွဲလောင်ပြီး လျောက်သွားနေသည့် အံ့ဖွယ်အမျိုးသား (ရုပ်သံ)

February 3, 2017

နယူးယောက်တွင် တကိုယ်လုံးမီးစွဲလောင်ပြီး လျောက်သွားနေသည့် အံ့ဖွယ်အမျိုးသား (ရုပ်သံ)

နယူးယောက်မြို့လယ်ကောင်မှာ အမျိုးသားတဦးဟာ တကိုယ်လုံးကို မီးစွဲလောင်နေခဲ့တဲ့ အခြေအနေနဲ့ လျှောက်သွားနေခဲ့ပြီး သွေးအေးအေးနဲ့ ဖြတ်လျှောက်သွားခဲ့တာဟာ မျက်မြင်တွေ့ရသူတွေအဖို့တော့ ထိတ်လန့်အံ့သြစရာပါပဲ။ သူရဲ့တကိုယ်လုံးမှာ မီးတောက်မီးလျှံလုံးကြီးတွေနဲ့ ကျွမ်းလောင်လျက်သား အခြေအနေနဲ့ ကားတွေရပ်နားထားတဲ့အနီးက လျှောက်လမ်းတခုပေါ် ဖြတ်လာခဲ့တာပါ။ အဲဒီအချိန်မှာ အနီးနားကလူတွေက သူ့ကို အကူအညီပေးဖို့ အော်ဟစ်ပြောဆိုခဲ့ကြပေမယ့် သူကတော့ ဘာမှပြန်မပြောခဲ့ဘဲ သူ့ရဲ့အပေါ်ဂျက်ကက်အင်္ကျီကို အေးအေးဆေးဆေးချွတ်ပြီး ထွက်သွားခဲ့တာကို တွေ့ရပါတယ်။ အံ့သြထိတ်လန့်စရာကောင်းတဲ့ ဒီရုပ်သံဗွီဒီယိုကို ရိုက်ကူးခဲ့သူဆီက “ဒီလူ မီးလောင်နေပြီ။ ဘယ်လောက်ဆိုးလိုက်သလဲ။ ဟေး… ခင်ဗျားအဆင်ပြေရဲ့လား။ ဘယ်လိုလဲ” လို့ အော်ဟစ်မေးမြန်းခဲ့တာတွေကိုပါ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ကြားရပါတယ်။ ဒါပေမယ့် သူကတော့ စကားတခွန်းမှ ပြန်မဖြေခဲ့ဘဲ အေးအေးဆေးဆေး သွားနေတာပါ။ ဒီနောက်မှာတော့ ဘေးပတ်ဝန်းကျင်က လူအချို့က သူ့ကိုယ်ပေါ် မီးလောင်နေတာကို ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို NYCFireWire အမည်နဲ့ တွစ်တာ အင်တာနက်လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာဖြစ်ပြီး ဘယ်နေရာမှာ ဖြစ်ခဲ့တယ်ဆိုတာရယ်၊ ဒီအမျိုးသားဟာ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာတွေရယ်ကိုတော့ အတိအကျမသိဘူးလို့ ဖော်ပြထားခဲ့ပါတယ်။
5 years Ago
Up