နယူးဒေလီ

A d v e r t i s e m e n t With Us

December 13, 2018

နယူးဒေလီမြို့တွင် မျောက်အုပ်များ မင်းမူသောင်းကျန်း (ရုပ်သံ)

အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ မျောက်အုပ်တွေ မင်းမူနေပြီး သမ္မတနန်းတော် အပါအဝင် အစိုးရရုံး အဆောက်အဦတွေကြား ခုန်ပေါက် ပြေးလွှားနေကြပါတယ်။ မျောက်ကောင်ရေ ၄,၀၀၀ နဲ့ ၅,၀၀၀ ကြား ရှိတယ်လို့ ခန့်မှန်းရပြီး သူတို့ဟာ လူတွေဆီက အစားအသောက်ကို လုယူ၊ ဓာတ်ကြိုးတွေကို ကိုက်ဖြတ်၊ ပြတင်းပေါက်ကနေ ရုံးစာရွက်စာတမ်းတွေ နှိုက်ယူဆွဲဖြဲတတ်ပါတယ်။ “ကျမတို့ အစားအသောက်တွေ စားလို့မရဘူး။ အပြင်ကနေ အစားအသောက်ယူလာပြီး စားလို့မရဘူး။ မိုဘိုင်းဖုန်းဖြစ်ဖြစ် ပစ္စည်းတခုခု ယူလာတာနဲ့ သူတို့က လုယူတော့တာပဲ။ သူတို့ရှိနေရင် အစားအသောက်စားဖို့တော့ လုံးဝ မစဉ်းစားနဲ့” လို့ ပို့ဆောင်ရေးဌာန ဝန်ထမ်း ပရီယာဆင်းက ပြောပါတယ်။ ဒီအတွက် အိန္ဒိယအာဏာပိုင်တွေဟာ မကြာသေးခင်က မျောက်ဖမ်းသူ ၄၀ လောက် ငှားရမ်းခဲ့ပြီး သောင်းကျန်းနေတဲ့ မျောက်တွေကို ခြောက်လှန့်ခဲ့ပါတယ်။ အဲဒီမျောက်ဖမ်းသူတွေကတော့ အစဉ်အလာအရ မျောက်ဖမ်း၊ လမ်းပေါ်မှာ မျောက်ပြပွဲလုပ်ပြီး ဝမ်းစာရှာကြတဲ့ ကယ်လန်ဒါ မျိုးနွယ်စုဝင်တွေပဲ ဖြစ်ပါတယ်။ တချို့ကလည်း ဒီပြဿနာကို အစာမကျွေးတဲ့ နည်းလမ်းနဲ့သာ ဖြေရှင်းနိုင်မယ်လို့ ဆိုပါတယ်။ တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကာတစ် ဆာရန်း နာတာယန်က “လူတွေအနေနဲ့ မျောက်တွေကို အစာမကျွေးတော့မှ ဒီပြဿနာကို ဖြေရှင်းနိုင်မှာပါ။ မျောက်တွေကို လုံးဝ အစာမကျွေးပါနဲ့။ တခါကျွေးမိတာနဲ့ နောက်ဆို တချိန်လုံး တောင်းနေလိမ့်မယ်။ နောက်ပြီး အမှိုက်တွေမပစ်ရဘူး ဆိုတာကို နားလည်ဖို့လိုပါတယ်။ အမှိုက်တွေရှိနေမယ်၊ စားစရာတွေ ရှိနေမယ်ဆိုရင် သူတို့က တလွဲသဘောပေါက်လိမ့်မယ်။ ဒီပြဿနာကိုတော့ အချိန်ယူဖြေရှင်းမှပဲ ရနိုင်မှာပါ” လို့ ပြောပါတယ်။ အိန္ဒိယနိုင်ငံတလွှားမှာ မျောက်တွေကို ငှက်ပျောသီးကျွေးတဲ့ မြင်ကွင်းဟာ နေရာတိုင်းလိုလိုမှာ မြင်တွေ့ရပါတယ်။ နိုင်ငံရဲ့လူဦးရေ အများစုဟာ ဟိန္ဒူဘာသာဝင်တွေ ဖြစ်တာမို့ သူတို့ဟာ အဲဒီမျောက်တွေကို  ဟာနုမန် မျောက်နတ်မင်းကနေ ဝင်စားလာသူတွေဆိုပြီး ယုံမှတ်နေကြပါတယ်။
2 years Ago

November 30, 2018

ချေးငွေအပေါ် သက်ညှာခွင့်ရရေး အိန္ဒိယလယ်သမားများ ဆန္ဒပြ

ခေျးငွေအပေါ် သက်ညှာခွင့်ရရေးအတွက် အိန္ဒိယလယ်သမားတွေဟာ နိုဝင်ဘာ ၂၉ ရက်နေ့က နယူးဒေလီမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ထောင်နဲ့ချီတဲ့ အိန္ဒိယလယ်သမားတွေဟာ နယူးဒေလီမြို့မှာ စုဝေးပြီး ချေးငွေအပေါ် သက်ညှာခွင့်ရရေး၊ သီးနှံဈေးနှုန်းတွေအပေါ်မှာ အာမခံချက်ရရေး တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီ နှစ်ရက်ကြာ ဆန္ဒပြပွဲကို All India Kisan Sangharsh Coordination Committee က စီစဉ်ပြီး အတိုက်အခံ နိုင်ငံရေးပါတီတွေလည်း လာရောက်ပူးပေါင်းမယ်လို့ မျှော်လင့်ရပါတယ်။ ဆန္ဒပြ လယ်သမားကြီး ရှမ်ရှာဆင်းက “လယ်သမားတိုင်းကို သူတို့လုပ်အားခ၊ သူတို့မိသားစု အားထုတ်ခ၊ ဒီဇယ်နဲ့ မြေသြဇာ ကုန်ကျစရိတ် အပါအဝင် ကျွဲ နွားနဲ့ လယ်ထွန်စက် အသုံးပြုမှုတွေအတွက် စုစုပေါင်း လုပ်ခ ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်ပေးမှ ကျေန်ာတို့ ဆန္ဒပြတာကို ရပ်မှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ ဒါဟာ လှည့်စားမှုပဲ ဖြစ်ပါလိမ့်မယ်” လို့ ပြောပါတယ်။ တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ မီထား ပါတကာကလည်း “လောလောဆယ် အများဆုံး ရောင်းချဈေးနှုန်း MSP က အနည်းဆုံး ဖြစ်နေတယ်။ ကျမတို့က အဲဒီဈေးနှုန်းကို အဆင်ပြေတဲ့ ဈေးနှုန်းတခု ဖြစ်စေချင်တယ်။ ဒါမှ လယ်သမားတွေဟာ လူရိုသေရှင်ရိုသေ နေနိုင်ကြမှာပါ။ လယ်သမားတွေရဲ့ ချေးငွေအပေါ် မသက်ညှာသရွေ့ MSP ဟာ အလကားပါပဲ။ အဲဒီငွေဟာ ချေးငွေဆပ်တာနဲ့တင် ကုန်မှာပဲ။ ဒါကြောင့်မို့ ချေးငွေအပေါ် လုံးဝသက်ညှာခွင့်ပေးဖို့ တောင်းဆိုနေတာပါ” လို့ ပြောပါတယ်။ ဒီဆန္ဒပြပွဲဟာ ဝန်ကြီးချုပ် မိုဒီရဲ့ ဘာရာသီယာ ဂျန်နတ်သာပါတီကို လယ်သမားတွေ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ရွေးကောက်ပွဲတုန်းက အိန္ဒိယလယ်သမားတွေဟာ မိုဒီကို တခဲနက် ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ ဒါပေမယ့် ကျေးလက်ဒေသ ဝင်ငွေလျော့ကျမှုဟာ လာမယ့် ၂၀၁၉ အထွေထွေရွေးကောက်ပွဲမှာ မိုဒီအပေါ် ထောက်ခံမှု ကျဆင်းစေနိုင်ပါတယ်။
2 years Ago
More News
Up