နယူးယော့ခ်

June 21, 2022

နယူးယော့ခ်မြို့လယ် ယာဉ်တိုက်မှုကြောင့် လူ ၆ ဦး ဒဏ်ရာရ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့လယ်ခေါင်မှာ ဇွန် ၂၀ ရက်က တက္ကစီ အငှားကားတစီး မတော်တဆဖြစ်ပြီး အနည်းဆုံး လမ်းသွားလမ်းလာ ၆ ယောက် ဒဏ်ရာရသွားပါတယ်။

ဒဏ်ရာရသူတွေထဲမှာ တက္ကစီယာဉ်မောင်းတယောက်လည်း ပါဝင်တယ်လို့ နယူးယောက် ရဲတပ်ဖွဲ့ ပြောပါတယ်။

ဒဏ်ရာရသူအားလုံးကို ဆေးရုံတင်ထားပြီး ၃ ယောက်က စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။ ယာဉ်မတော်တဆမှု ဖြစ်ပြီးနောက် မှောက်သွားတဲ့ တက္ကစီကားကို လူ အယောက် ၂၀ လောက်နဲ့ မ ရွှေ့ပြီး အထဲမှာ ပိတ်မိနေတဲ့ လူ ၂ ယောက်ကို ကယ်ထုတ်ခဲ့ရတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။

သတင်းတွေအရ တက္ကစီကားဟာ မြို့လယ်ခေါင် လမ်းကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ စက်ဘီးစီးသူတွေနဲ့ လမ်းလျှောက်သူတွေကို ဝင်တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။ 

9 months Ago

May 15, 2022

နယူးယော့ခ်ပြည်နယ်တွင် လူဖြူသေနတ်သမား ပစ်ခတ်မှုကြောင့် ၁၀ ဦး သေဆုံး

အမေရိကန် ပြည်ထောင်စု နယူးယော့ခ်ပြည်နယ်က ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ဘက်ဖလိုးမြို့မှာ လူဖြူလူငယ် သေနတ်သမား လက်ချက်နဲ့ လူ ၁၀ ယောက် သေဆုံးသွားပါတယ်။ 

စားသောက်ကုန်တွေ ရောင်းတဲ့ဆိုင်မှာ ဖြစ်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုအတွင်း  သေဆုံးသွားသူအများစုက လူမည်းတွေ ဖြစ်ပြီး ၃ ယောက်လည်း ဒဏ်ရာသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

ပစ်ခတ်မှု ဖြစ်ပြီးနောက် အသက် ၁၈ နှစ်အရွယ် လူဖြူလူငယ် သေနတ်သမားကို ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

လူမျိုးရေး အမုန်းတရားကို အခြေခံတဲ့ ရာဇဝတ်မှု ဖြစ်နိုင်တဲ့အတွက် ရဲအဖွဲ့က စုံစမ်းနေပါတယ်။ လူဖြူလူငယ်ဟာ ရိုင်ဖယ် သေနတ်နဲ့ နယူယောက်ခ်နယ်မြေကနေ လူမည်း လူဦးရေများတဲ့ ဘက်ဖလိုးအထိ လာပြီး ပစ်ခတ်တာလို့ဆိုပါတယ်။ 

တကိုယ်တော် ရာဇဝတ်မှု ကျူးလွန်တာဖြစ်ကြောင်း၊ သေနတ်ထိမှန်တဲ့ ၁၃ ယောက်မှာ ၁၁ ယောက်က လူမည်းတွေဖြစ်ပြီး ၂ ယောက်က လူဖြူတွေဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

11 months Ago
More News
Up