အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ COVID-19 ရောဂါကူးစက်ခံရပြီး သေဆုံးတဲ့ လူနာတွေရဲ့ အလောင်းတွေကို သိမ်းဖို့ ရေခဲခန်းပါတဲ့ ကုန်ကားတွေကို သုံးနေရတယ်လို့ ကျန်းမာရေး စစ်ဆေးရေးမှူးက အတည်ပြု ပြောဆိုပါတယ်။
လူထောင်သောင်းချီ သေဆုံးစေခဲ့တဲ့ ကူးစက်ရောဂါ ကပ်ဘေးကြောင့် မြို့တွင်း ရင်ခွဲရုံတွေနဲ့ ဈာပနဂေဟာတွေမှာ အလောင်းသိမ်းစရာ နေရာမရှိတော့တာမို့ မြို့အစိုးရဟာ မကြုံစဖူး ဆောင်ရွက်ချက်တွေကို လုပ်နေရပါတယ်။
ဘရွတ်ကလင်းရပ်ကွက်က ကောင်းကင်ဓာတ်ပုံမှာတော့ ကူးစက်ခံ လူနာအလောင်းတွေကို ကာလကြာရှည် သိမ်းထားနိုင်ဖို့ ကုန်ကားဖြူတွေ ရပ်ထားတာ မြင်ရပါတယ်။ ဈာပန ဒါရိုက်တာ ဝင်ရန်အတွက်သာလို့ ရေးထားတဲ့ ဆိုင်းဘုတ်နဲ့အတူ ယာယီတဲနဲ့ အအေးခန်းကားတွေကို တွေ့ရတာပါ။
ဒါဟာ နယူးယောက်မြို့အတွင်း အလောင်းထားဖို့ ယာယီနေရာ လေးရပ်ထဲက တနေရာလို့ အစိုးရရုံးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မေ ၄ ရက်မှာ ကုန်ကား ၃၀ ရာခိုင်နှုန်းအတွင်း အလောင်းတွေ ပြည့်နေပြီလို့ NBC သတင်းဌာနက ကြေညာပါတယ်။
မေ ၆ ရက် မွန်းတည့်ချိန်ထိ အတည်ပြုချက်အရ အမေရိကန်နိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၁ ဒသမ ၂ သန်းကျော်ခဲ့ပြီး ကူးစက်ခံ ၇၂,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
10 months Ago