နယူးယောက်တရားရုံး

November 6, 2020

နယူးယောက်တရားရုံး၌ မက္ကဆီကိုကာကွယ်ရေးဝန်ကြီးဟောင်း အပြစ်မရှိဟု လျှောက်လဲ

မူးယစ်မှောင်ခိုမှုနဲ့အမေရိကန်မှာ ထိန်းသိမ်းခံရတဲ့မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဟောင်း က သူ့မှာ အပြစ်မရှိဘူးလို့  နိုဝင်ဘာ ၅ ရက်က နယူးယောက်တရားရုံးမှာ လျှောက်လဲခဲ့ပါတယ်။ အမေရိကန်မူးယစ်တိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း  မက္ကဆီကိုကာကွယ်ရေး ဝန်ကြီးဟောင်း ဆာဗာဒိုစန်ဖူဂို့စ်ဟာ  ပြီးခဲ့တဲ့လက လော့စ်အိန်ဂျလိစ်လေဆိပ်မှာ အဖမ်းခံခဲ့ရတာပါ။  လောလောဆယ်မှာ သူ့ကို  ဘရွတ်ကလင်ရှိ မက်ထရိုပိုလီတန်အကျဉ်းစခန်းမှာ ထိန်းသိမ်းထားပါတယ်။  စန်ဖူဂို့စ်ဟာ  လွန်ခဲ့တဲ့ ၂ နှစ်အထိ မက္ကဆီကို မူးယစ်ဂိုဏ်းဖြိုခွင်းရေးမှာ ထိပ်ပိုင်း ခေါင်းဆောင်ဖြစ်ခဲ့ပြီး အမေရိကန်အာဏာပိုင်တွေက သူ့ကို ဖမ်းခဲ့တာကြောင့်  မက္ကဆီကိုနဲ့ အမေရိကန်တို့ရဲ့ မူးယစ်နှိမ်နှင်းမှု ပူးပေါင်းဆောင်ရွက်ရေးကို ဆိုးဆိုးရွားရွားထိခိုက်စေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။    
6 months Ago

November 8, 2019

သမ္မတ ထရမ့် ဒေါ်လာ  ၂ သန်းပေးဆောင်ရန် နယူးယောက်တရားရုံး အမိန့်ချမှတ် 

ပရဟိတဖောင်ဒေးရှင်းရန်ပုံငွေ အလွဲသုံးစားလုပ်မှုနဲ့ အမေရိကန် သမ္မတ ထရမ့်ကို  ဒေါ်လာ ၂ သန်း ပေးဆောင်ဖို့ နယူးယောက်ပြည်နယ် တရားသူကြီးက နိုဝင်ဘာလ ၇ ရက်နေ့မှာ အမိန့် ချမှတ်လိုက်ပါတယ်။   ဒေါ်နယ်ထရမ့်နာမည်နဲ့ ဖွဲ့ထားတဲ့ ပရဟိတ ဖောင်ဒေရှင်းရန်ပုံငွေတွေဟာ ထရမ့်ရဲ့ ၂၀၁၆ သမ္မတ မဲဆွယ်ပွဲရန်ပုံငွေဆီ   ရောက်သွားခဲ့တာပါ။  ထရမ့်ဖောင်ဒေးရှင်းကို  ၂၀၁၈ ခုနှစ် ဇွန်လတုန်းက  နယူးယောက်ရှေ့နေချုပ် ဘာဘရာ အန်ဒါဝုဒ်က တရားစွဲဆိုခဲ့ပါတယ်။ နယူးယောက်တရားရုံးက  သမ္မတ ထရမ့်နဲ့ သားသမီးများဖြစ်တဲ့ ဒေါ်နယ်ထရမ့် ဂျူနီယာ၊ အဲရစ်နဲ့ အီဗန်ကာတိုကကို  တရားစွဲခဲ့တာပါ။ အဲဒီနောက် ဒီဇင်ဘာမှာပဲ ဖောင်ဒေးရှင်းကို ဖျက်သိမ်းဖို့ သဘောတူခဲ့ပါတယ်။  ဒေါ်နယ်ထရမ့်ဖောင်ဒေးရှင်းကို ဖျက်သိမ်းလိုက်တာကြောင့် အဲဒီ‌ဒေါ်လာ ၂ သန်းကို အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဆီ လှူဒါန်းသင့်တယ်လို့ မက်ဟန်တန် တရားရုံးချုပ်  တရားသူကြီး ဆယ်လီယန် စကာပူလာက နိုဝင်ဘာ ၇ ရက်နေ့မှာပြောခဲ့ပါတယ်။   ဒါနဲ့ပတ်သက်လို့  အိမ်ဖြူတော်က ချက်ချင်းမဖြေကြားပေးသေးပါဘူး။  သမ္မတ ထရမ့်ကို  ဒေါ်လာ ၂ သန်း ပေးစေဖို့ အမိန့်ချမှတ်လိုက်တာဟာ  ပရဟိတလုပ်ငန်း ရန်ပုံငွေ ကာကွယ်ရေးနဲ့ အဲဒီရန်ပုံငွေတွေကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်သူတွေကို  တာဝန်ခံခိုင်းရာမှာ အောင်ပွဲကြီးတခုဖြစ်တယ်လို့ လက်ရှိ နယူးယောက်ရှေ့နေချုပ် လက်တီတီယာ ဂျိမ်းစ်က ပြောခဲ့ပါတယ်။ 
2 years Ago
Up