နယူးပို့ကောင်တီ

February 17, 2019

မန်စီးတီးက နယူးပို့ကောင်တီကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့  အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်မှာ အသင်းကြီး မန်စီးတီးက နယူးပို့ကောင်တီအသင်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိသွားပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ နယူးပို့ကောင်တီအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုမှာ မန်စီးတီးအသင်းက ၇၇ ရာခိုင်နှုန်းအထိ အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ဒုတိယပိုင်း ၅၁ မိနစ်မှာ ဆာနေးက ၁ ဂိုး၊ ၇၅ နဲ့ ၈၉ မိနစ်မှာ ဖိုဒမ်က ၂ ဂိုး၊ မိနစ် ၉၀ မှာ မာရက်ဇ်က ၁ ဂိုး သွင်းယူခဲ့တာပါ။ နယူးပို့ကောင်တီအသင်းရဲ့ တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၈၈ မိနစ်မှာ အေမွန်ဒ်က သွင်းယူခဲ့တာပါ။ အက်ဖ်အေဖလား တခြားပွဲစဉ်တွေမှာတော့ ဘရိုင်တန်က ဒါဘီကောင်တီကို ၂-၁ ဂိုး၊ မီဝေါက ၀င်ဘယ်လ်ဒန်အသင်းကို ၁-၀ ဂိုးတို့နဲ့ အသီးသီး အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ အက်ဖ်အေဖလား ပဉ္စမအဆင့် ချဲလ်ဆီးနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်ကိုတော့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက်အစောပိုင်း ၂ နာရီ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
3 years Ago

February 8, 2018

နယူးပို့ကောင်တီကို ၂ ဂိုးပြတ်ဖြင့်နိုင်ပြီး စပါး အက်ဖ်အေဖလား နောက်တဆင့်တက် (ရုပ်သံဟိုက်လိုက်)

အင်္ဂလန် အက်ဖ်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့စပါးနဲ့ လိဂ် ၂ ကလပ် နယူးပို့ကောင်တီတို့ မနေက ယှဉ်ပြိုင်ရာ စပါးက နှစ်ဂိုး ဂိုးမရှိနဲ့နိုင်ပြီး အက်ဖ်အေဖလား ပဉ္စမအဆင့်ကို တက်ရောက်သွားပါတယ်။ ဒီနှစ်သင်း ဇန်နဝါရီ ၂၈ ရက်က နယူးပို့ကောင်တီကွင်းမှာ ယှဉ်ပြိုင်ခဲ့စဉ် တဂိုးစီ သရေကျခဲ့တဲ့အတွက် မနေ့က ပြန်ကန်ခဲ့ရတာပါ။ စပါးဟာ ဒီပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း၊ အဲရစ်ဆန်၊ အယ်လီတို့ကို အနားပေးပြီး လော်ရန်တေး၊ ဆွန်ဟောင်မင်၊ လာမယ်လာ၊ ဆစ်ဆိုကို၊ ဝမ်ယာမာ၊ ဒန်နီရို့စ် စတဲ့ ကစားသမားတွေ ဦးဆောင်ပြီး ပွဲထွက်ခဲ့တာပါ။ ပရီးမီးယားလိဂ် ထိပ်သီးအသင်းဖြစ်တဲ့ စပါးဟာ အိမ်ကွင်းမှာ နယူးပို့ကောင်တီကို ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ အသာစီးရပြီး ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၆ မိနစ်မှာ စပါးကွင်းလယ်လူ ဆစ်ဆိုကို နယူးပို့ကောင်တီ ဂိုးရှေ့ ဖြတ်တင်ပေးတဲ့ဘောလုံး နယူးပို့ကောင်တီ နောက်ခံလူနဲ့ထိပြီး ဂိုးဝင်သွားတဲ့တွက် စပါးဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒီနောက် ပွဲချိန် ၃၄ မိနစ်မှာ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင် ထိုးပေးလိုက်တဲ့ဘောလုံးကို လာမယ်လာက အနီးကပ် ကန်သွင်းပြီး ဒုတိယဂိုး ရယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်တော့ဘဲ စပါးကပဲ နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး နောက်တဆင့် သွားတာပါ။ စပါးအသင်းဟာ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်မှာ လိဂ်ဝမ်းကလပ် ရော့ခ်ျဒေးလ်နဲ့ လာမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up