နယူးပို့တ်ကမ်းခြေ

February 2, 2020

နယူးပို့တ်ကမ်းခြေမှာ ဝေလငါးညို ၆ ကောင် တွေ့ရှိ (ရုပ်သံ)

မက္ကဆီကိုနိုင်ငံ ဘာဂျာကယ်လီဖိုးနီးယားမှာရှိတဲ့ ရေနွေးအိုင်တွေဆီ ရွှေ့ပြောင်းသွားနေတဲ့ ဝေလငါးညို ၆ ကောင်ကို ဇန်နဝါရီ ၂၂ ရက်က ကယ်လီဖိုးနီးယား၊ နယူးပို့တ်ကမ်းခြေမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒီဝေလငါးတွေဟာ နှစ်စဉ် ရွှေ့ပြောင်းမှုအဖြစ် ရွှေ့ပြောင်းသွားလာနေကြတာ ဖြစ်ပြီး သူတို့ကို ဒရုန်းကနေတဆင့် မှတ်တမ်းတင် ရိုက်ကူးခဲ့တာပါ။ ဝေလငါးညိုတွေဟာ နို့တိုက်သတ္တဝါတွေထဲမှာ အရှည်လျားဆုံး ရွှေ့ပြောင်းသွားလာလေ့ ရှိတဲ့ သတ္တဝါတွေဖြစ်ပြီး သူတို့မွေးဖွားရာ အာတိတ်ဒေသကနေ မက္ကဆီကိုမှာရှိတဲ့ ဘာဂျာကယ်လီဖိုးနီးယားဒေသကို အကြိမ်ရေ ၁၂၀၀၀ လောက်အထိ ကူးခတ် သွားလာကြပါတယ်။  ဝေလငါးညိုတွေရဲ့ ရွှေ့ပြောင်းသွားလာမှုကို နိုဝင်ဘာလနှောင်းပိုင်းကနေ ဧပြီလအတွင်း ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ မြင်တွေ့ရပါတယ်။  “ဒီနေ့ ဝေလငါးကြည့်ခရီးစဉ်အတွင်း ဝေလငါးညို ၆ ကောင်ကို နယူးပို့တ်ဆိပ်ကမ်းနဲ့ ၅ မိုင်အကွာမှာ ရွှေ့ပြောင်းသွားလာနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအုပ်ထဲက ဝေလငါးတချို့ဟာ လှည့်ပတ်ကူးခတ်သွားပြီး ဝေလငါးတကောင်ဟာ အုပ်ထဲကနေ ခွဲသွားတာကို ၇ ခါလောက် မြင်တွေ့ခဲ့ရတယ်” လို့ သဘာဝပတ်ဝန်းကျင်သမား ဓာတ်ပုံဆရာ ခရစ္စတင်းကမ့်ဘဲလ်က ပြောပါတယ်။
1 year Ago
Up