နယူးဇီလန်

January 29, 2023

နယူးဇီးလန်မြောက်ဘက်ကျွန်းတွင် မိုးသည်းပြီး ရုတ်တရက်ရေကြီး၊ ၄ ဦးသေဆုံး

နယူးဇီလန်နိုင်ငံ မြောက်ဘက်ကျွန်းမှာ နောက်တကြိမ် မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ဇန်နဝါရီလ ၂၉ ရက်က မြေပြိုတာတွေ၊ ရုတ်တရတ်ရေကြီးတာတွေနဲ့အတူ လမ်းပြတ်တောက်မှု တွေလည်း ဖြစ်ပွားခဲ့ပါတယ်။ 

ဒီဖြစ်ရပ်အတွင်း ပျောက်ဆုံးနေသူ ၁ ဦးဟာ သေဆုံးသွားတယ်လို့ အတည်ပြုခဲ့ပြီးနောက် သေဆုံးသူအရေ အတွက် ၄ ဦးအထိ ရှိလာပါပြီ။ 

အိမ်ခြေထောင်နဲ့ချီဟာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရပြီး ရာနဲ့ချီက ရေပြတ်တောက်နေကြသလို တချို့မိသားစုတွေကလည်း ဆိုးရွားတဲ့ရာသီဥတုအခြေအနေတွေ ကနေ ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေဆီ ပြောင်းရွှေ့နေထိုင်ကြပါတယ်။ 

လူဦးရေ ၁.၆ သန်းနဲ့ နယူဇီလန်နိုင်ငံက အကြီးမားဆုံး မြို့တခုဖြစ်တဲ့ အော့ခ်လန်းမှာ ဇန်နဝါရီ ၂၇ ရက်က သမိုင်းတလျှောက် အစိုဆွတ်ဆုံးနေ့ရက်ကို ကြုံတွေ့ခဲ့ရပြီးနောက် နိုင်ငံတော်အဆင့် အရေးပေါ် အခြေအနေအောက်မှာ ဆက်ရှိနေပါတယ်။ 

နိုင်ငံပိုင် မိုးလေဝသ ခန့်မှန်းရေးဌာန Met Service က လာမယ့်တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ မြောက်ဘက်ကျွန်းဒေသအတွက် ပိုမို ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ သတိပေးထားပြီး ပြင်းထန်တဲ့ မိုးရွာသွန်းမှုတွေကြောင့် လျှပ်တပြတ်ရေကြီးမှုနဲ့ ရေဖုံးလွှမ်းမှုတွေ လည်း ဖြစ်ပေါ်နိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။ 

ဇန်နဝါရီ ၂၈ ရက် နှောင်းပိုင်းမှာ ကြေညာခဲ့တဲ့ နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေ ဗဟိုချက်ဟာ အော့ခ်လန်းမြို့ကနေ မိုင်ပေါင်း ၁၃၇ မိုင်အကွာမှာရှိတဲ့ နယူးဇီလန်တောင်ပိုင်းက ဝိုင်တိုမို ခရိုင်ဆီကို ရွေ့လျားလာခဲ့ပါတယ်။

1 day Ago

September 23, 2022

နယူးဇီလန်တွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အရေးယူဆောင်ရွက်မှု ပိုလုပ်ပေးရေး တောင်းဆိုဆန္ဒပြ

နယူးဇီလန်နိုင်ငံမှာ ကျောင်းသားတွေ အပါအဝင် ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ စက်တင်ဘာ ၂၃ ရက်က ဝယ်လင်တန်ရှိ ပါလီမန်အဆောက်အဦအပြင်မှာ စုဝေးပြီး ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေကို ပိုလုပ်ဆောင်ပေးရေး တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ဆန္ဒပြပွဲတွေမှာ တခြားနိုင်ငံတွေနဲ့အတူ ပူးပေါင်းတဲ့အနေနဲ့ Fridays For Future ကျောင်းသားလှုပ်ရှားမှုကို ဦးဆောင်တဲ့ နယူးဇီလန်ရှိ ဆန္ဒပြလူငယ်တွေဟာ ကြွေးကြော်သံတွေကို ရွတ်ဆိုကြပြီး ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာပါ။

“တခြားသူတွေက မင်းရဲ့အသံကို ထည့်မတွက်ဘူး၊ မင်းက အပြောင်းအလဲလုပ်နိုင်ဖို့ ငယ်သေးတယ် စသဖြင့် မင်းတို့ကိုလာပြောရင် မယုံကြနဲ့။ ဒီနိုင်ငံမှာ Zero Carbon အက်ဥပဒေဆိုတာ မင်းတို့လူငယ်တွေကြောင့်သာ ပေါ်လာရတာ။ ဒါဟာ မင်းတို့ကြောင့်၊ နိုင်ငံတဝန်းက မင်းတို့လို လူတွေကြောင့်ပဲ” လို့ ဂရင်းပါတီခေါင်းဆောင် ဂျိမ်းစ်ရှောက လူစုလူဝေးကို ပြောကြားခဲ့ပါတယ်။

ဝယ်လင်တန်အပြင် အော့ခ်လန်၊ ခရစ္စချာ့ချ်နဲ့ နယူး ပလိုင်းမောက်သ် အပါအဝင် တခြား နယူးဇီလန်မြို့ကြီးတွေမှာလည်း ကမ္ဘာကြီးပူနွေးလာမှုကို အာရုံစိုက်ဖို့နဲ့ ခေါင်းဆောင်တွေဆီက အရေးယူ ဆောင်ရွက်မှုတွေကို တောင်းဆိုဖို့အတွက် ဆန္ဒပြပွဲတွေ၊ ချီတက်ပွဲတွေ၊ စုဝေးပွဲတွေ ပြုလုပ်မှာဖြစ်ပါတယ်။

အလားတူ ဆန္ဒပြပွဲတွေကို တောင်ကိုရီးယား၊ ဗြိတိန်နဲ့ ဘရာဇီးတို့မှာလည်း ကျင်းပဖို့ စီစဉ်ထားပါတယ်။

4 months Ago
More News
Up