နယူးဇီလန် လေယာဉ်တစ်စီး ကြောက်မက်ဖွယ် လျှပ်စီးထိခံရ (ရုပ်သံ)

March 11, 2017

နယူးဇီလန် လေယာဉ်တစ်စီး ကြောက်မက်ဖွယ် လျှပ်စီးထိခံရ (ရုပ်သံ)

နယူးဇီလန်နိုင်ငံအတွင်းမှာ ဆက်တိုက် ဆိုးရွားနေတဲ့ရာသီဥတုကြောင့် လေယာဉ်တစ်စင်း လျှပ်စီးထိခံရပြီး ပြန်လှည့်လာရတယ်လို့ သိရပါတယ်။ မတ်လ ၉ ရက်နေ့ နေ့လယ်က အုတ်ကလန်မှ ကာရီကာရီမြို့သို့ အဲနယူးဇီလန် လေယာဉ်အမှတ် NZ8678 ဟာ ပျံသန်းနေစဉ် လျှပ်စီးကြောင်း ထိခဲ့တာပါ။ ဒါကြောင့် ကြိုတင်ကာကွယ်မှုအနေနဲ့ လေယာဉ်ကို အုတ်ကလန်မြို့သို့ ပြန်လည် ပျံသန်းခဲ့ပြီး လေယာဉ်ရဲ့ စက်ပိုင်းတွေကို စစ်ဆေးခဲ့တယ်လို့ အဲနယူးဇီလန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ နယူးစ်ဟက်ဘ်က ပြောပါတယ်။ ဘာမှမဖြစ်ဘဲ လေယာဉ်ကို ၂ နာရီ ၂၀ မိနစ်လောက်မှာ ပြန်လည်ဆင်းသက်ခဲ့ပြီး လေယာဉ်ပေါ်က ခရီးသည်တွေကို အခြားဝန်ဆောင်မှုတွေ လုပ်ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ နယူးဇီလန်နိုင်ငံ တ၀န်းလုံးမှာ မုန်တိုင်းရှိနေပြီး အထူးသဖြင့် မြောက်ပိုင်းအိုင်ယာလန်မှာ မုန်တိုင်းတိုက်ခိုက်တယ်လို့လည်း သိရပါတယ်။ ကော်ရိုမန်ဒယ်နဲ့ နော့သ်လန်း ကျွန်းဆွယ်တွေမှာ ရေကြီးနေပြီး မိုးရွာသွန်းမှုနှုန်း များမယ်လို့လည်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။ ရုတ်တရက်ရေကြီးတာ၊ မြစ်ရေမျက်နှာပြင် မြင့်တက်တာနဲ့ အန္တရာယ်ရှိတဲ့ ယာဉ်မောင်းနှင်မှု အခြေအနေတွေ ဖြစ်မယ်လို့ သတိပေးထားပါတယ်။ မတ်လ ၈ ရက်နေ့ မိုးရေချိန်ဟာ အချို့နေရာဒေသတွေမှာ နှစ် ၁၀၀ အတွင်း ၁ ခါသာဖြစ်တတ်တဲ့ ရေကြီးမှုတွေ ဖြစ်မယ်လို့ နိုင်ငံလုံးဆိုင်ရာ ရာသီဥတုနှင့် ကမ္ဘာ့လေထုဆိုင်ရာ အင်စတီကျုNational Institute of Weather and Atmospheric (NIWA) မှ ပြောလိုက်ပါတယ်။ မတ်လ ၁၁ ရက်နေ့မှာ ပိုတောင်ဆိုးသွားနိုင်တယ်လို့ ဝန်ဆောင်မှုလုပ်ငန်း Met ရဲ့ ပြောကြားချက်အရ သိရပါတယ်။
5 years Ago
Up