နယူးဇီလန်နိုင်ငံသူ မွေထိုင်းလက်ဝှေ့မယ် အေရီယန်နာဘရောင်းဟာ ထိုင်းနိုင်ငံ၊ ဖူးခက်ကမ်းခြေမှာ ဇန်န၀ါရီလ ၂၃ ရက်နေ့မနက်က ဆိုင်ကယ်မတော်တဆတိုက်ခဲ့မိပြီး သေဆုံးခဲ့ပါတယ်။
သူဟာ မွေထိုင်းလက်ဝှေ့ပွဲမှာ အနိုင်ရခဲ့ပြီးနောက် အောင်ပွဲခံခဲ့ပြီး ဆိုင်ကယ်နဲ့အ ပြန်မှာ မတော်တဆတိုက်မှုဖြစ်ခဲ့ပြီး သေဆုံးခဲ့တာလို့ နယူးဇီလန်နိုင်ငံအခြေစိုက် စတပ် ဖ်သတင်းမှာ ဖော်ပြပါတယ်။
သူဟာ ဆိုင်ကယ်မောင်းနှင်လာချိန်၊ မနက် ၂ ခွဲနာရီမှာ လမ်းအကွေ့က သစ်ပင်တပင်နဲ့ ၀င်တိုက်မိခဲ့တာဖြစ်တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။
အေရီယန်နာဘရောင်းရဲ့ သူငယ်ချင်းဖြစ်သူ အက်ရှ်ဂစ်ဘ်ဆင်ဟာ သူ့ရဲ့နောက် မှာ ဆိုင်ကယ်နဲ့လိုက်ပါလာတာဖြစ်ပြီး မတော်တဆမှုကို တွေ့ခဲ့ရတာပါ။
မော်တော်ဆိုင်ကယ်မတော်တဆမှုကြောင့် သူ့ရဲ့ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဗက်ချီရာဖူးခက်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ရောက်ရောက်ချင်းမှာ သေဆုံး သွားခဲ့တာပါ။
အေရီယန်နာဘရောင်းဟာ နယူးဇီလန်နိုင်ငံ၊ မိုတူရေကာမြို့မှဖြစ်ပြီး အသက် ၂၀ အောက်သား ၂ ယောက်ရဲ့မိခင်ဖြစ်ပါတယ်။
အေရီယန်နာဘရောင်းဟာ မွေထိုင်းလက်ဝှေ့ပြိုင်ပွဲအတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်ကြိုးစားခဲ့ရပြီး အဲဒီနေ့ပြိုင်ပွဲ၊ တတိယအချီမှာ အနိုင်ရရှိခဲ့တာပါ။
သူဟာ အက်ရှ်လေဂစ်ဘ်ဆင်နဲ့ ပြီးခဲ့တဲ့ ခရစ်စမတ်နေ့မတိုင်ခင်တပါတ်ကမှ မိတ်ဆွေတွေ ဖြစ်ခဲ့ကြတာဖြစ်ပြီး မွေထိုင်းလက်ဝှေ့ပြိုင်ပွဲဝင်ဖို့ ထိုင်းနိုင်ငံမှာ စခန်းဝင်လေ့ကျင့်နေခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
အသက်ရှင်သန်နေထိုင်မှုကိုမြတ်နိုးတဲ့ အံ့သြစရာအမျိုးသမီးတဦးကို ကမ္ဘာက ဆုံးရှုံးခဲ့ရပြီလို့ ဂစ်ဘ်ဆင်က ပြောပါတယ်။
“သူဟာ ထိုင်းနိုင်ငံကို နှစ်သက်ပြီး အကြာကြီးနေထိုင်ခဲ့ဖူးသူပါ။ ကျမတို့အားလုံး သူ့ရဲ့အောင်မြင်မှုအတွက် ဂုဏ်ပြုပေးခဲ့ကြတာပါ။ ကျမအရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်။ သူဟာ ကြံ့ခိုင်တဲ့အမျိုးသမီးတယောက်ဟာ။ ကျမအတွက် ဒါဟာ မယုံနိုင်စရာပါပဲ။”
နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက အေရီယန်နာဘရောင်းရဲ့သေဆုံးမှုကို အတည်ပြုခဲ့ကာ မိသားစုနဲ့ ဆက်သွယ်ကူညီပေးဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
7 years Ago