နယူးဇီလန် တောင်ပိုင်းကျွန်းပေါ် မုန်တိုင်းဝင်မှုကြောင့် အရေးပေါ်ကယ်ထုတ် (ရုပ်သံ)

A d v e r t i s e m e n t With Us

March 24, 2016

နယူးဇီလန် တောင်ပိုင်းကျွန်းပေါ် မုန်တိုင်းဝင်မှုကြောင့် အရေးပေါ်ကယ်ထုတ် (ရုပ်သံ)

နယူးဇီလန်နိုင်ငံ တောင်ပိုင်းကျွန်း South Island မှာ မုန်တိုင်းဝင်တာကြောင့် အလည်အပတ် ရောက်နေသူတွေကို ကယ်ထုတ်ခဲ့ရပါတယ်။ မုန်တိုင်းကြောင့် မြစ်ရေလျှံတက်လာလို့ ဒီနေ့မနက်အစောပိုင်း ၂ နာရီမှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ရပါတယ်။ ကျွန်းပေါ်က ဟိုတယ်မှာ ရှိနေကြတဲ့ တိုးရစ် ၁၈၆ ယောက်ကို အမြန် ကယ်ထုတ်ခဲ့ရပြီး ယာယီစခန်းဆီကို ပို့ပေးခဲ့ရတယ်လို့ အရာရှိတွေက ပြောပါတယ်။ မြောက်ဘက်ပိုင်း ကျတဲ့ အော်ကလန်မြို့မှာလည်း လေပြင်းကြောင့် လျှပ်စစ်မီးတွေပြတ်တောက်ပြီး တမြို့လုံး ဖရိုဖရဲ ဖြစ်ပြီး ကျန်ခဲ့ပါတယ်။ အိမ်ခြေ တသောင်းရှစ်ထောင် လျပ်စစ်မီး ပြတ်တောက်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မိုးသက်မုန်တိုင်းဟာ တောင်ပိုင်းကမ်းခြေကနေ မြောက်ပိုင်းကိုဦးတည်ဝင်ရောက်ပြီး လေတိုက်နှုန်းက ၁ နာရီ မိုင် ၈၀ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ မြောက်ပိုင်းကျွန်းမှာလည်း ဒီနေ့ မွန်းလွဲပိုင်းအထိ မုန်တိုင်း ဆက်ရှိနေနိုင်တယ်လို့ မိုးလေ၀သဌာနက သတိပေးထားပါတယ်။
5 years Ago
Up