နယူးဇီလန်ဝန်ကြီးချပ် ဂျွန်ကီးက သူ နုတ်ထွက်တော့မယ်လို့ ဒီနေ့မှာ မမျှော်လင့်ဘဲ ကြေညာပါတယ်။
ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကာလမှာ တိုင်းပြည်စီးပွားရေးကို မှန်မှန်ကန်ကန် ဦးဆောင်မှုပေးခဲ့တဲ့အတွက် ၀န်ကြီးချုပ်က သူ့အနေနဲ့ ၈ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီ ဖြစ်လို့ အခုအချိန်မှာတော့ အနားယူဖို့ အချိန်တန်ပြီလို့ ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ် ဂျွန်ကီးက တာဝန်ကနေ အနားယူပြီးရင် ဘာဆက်လုပ်မလဲဆိုတဲ့ အစီအစဉ်တော့ လောလောဆယ်မှာ မရှိသေးဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမယ့် သူ့ရဲ့ ဗဟိုလက်ဝဲယိမ်း နေရှင်နယ်ပါတီက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပစရာ မလိုအောင် လွှတ်တော်အမတ်အနေနဲ့ ဆက်နေမယ်လို့ ဆိုပါတယ်။
ဒီလိုဆုံးဖြတ်ရတာ ခက်ခဲသလို ရှေ့မှာ ဘာဆက်လုပ်မလဲဆိုတာကိုလည်း ဘာမှ မသိသေးဘူးလို့ ဆိုပါတယ်။
ခေါင်းဆောင်မှုသစ်ကို တည်တည်ငြိမ်ငြိမ် အာဏာလွှဲပြောင်းနိုင်တဲ့အထိ တာဝန်တွေကို ထမ်းဆောင်သွားမယ်လို့လည်း ပြောပါတယ်။
6 years Ago