နယူးဇီလန်ရဲတပ်ဖွဲ့

A d v e r t i s e m e n t With Us

May 4, 2016

ပရိသတ်စိတ်ဝင်စားမှုများသည့် နယူးဇီလန် ရဲတပ်ဖွဲ့ဝင်များ၏ စည်းရုံးလှုံ့ဆော်သည့်အက (ရုပ်သံ)

နယူးဇီလန်ရဲတပ်ဖွဲ့ဟာ သူတို့ရဲ့ တပ်သားသစ်ခေါ်ယူရေး လှုပ်ရှားမှုအဖြစ် Running Man ပုံစံ ရုပ်သံအက ဗွီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့ပြီးနောက်မှာ တကမ္ဘာလုံးက ရဲတပ်ဖွဲ့တွေကိုလည်း ရှေးမူအတိုင်း မကျင့်သုံးဘဲ ဆန်းသစ်တီထွင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ စက္ကန့် ၃၀ စာ ဒီရုပ်သံဗွီဒီယိုကလစ်ကို #Runningmanchallenge လို့ ချစ်စနိုး အမည်တပ် ထုတ်လွှင့်ခဲ့တာပါ။ ဒါဟာ နယူးဇီလန်ရဲတပ်ဖွဲ့ရဲ့ ကာလရှည် လှုပ်ရှားဆောင်ရွက်ခဲ့မှု တစိတ်တပိုင်းကို ဖော်ပြထားတာဖြစ်ပြီး ခုလာမယ့် ၂၀၁၆ နှစ်ကုန်ပိုင်းမှာ ၀င်ရောက်လာကြမယ့် ရဲအရာရှိသစ် ၄၀၀ အတွက် လှုံ့ဆော်တွန်းအားပေးတဲ့အနေနဲ့ ရိုက်ကူးထားတာလို့ ဂါးဒီးယန်း သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ရဲအရာရှိ ၈ ဦးဟာ တူညီရဲဝတ်စုံတွေ ၀တ်ဆင်ထားကြပြီး မြေအောက်ထပ် ကားရပ်နားတဲ့နေရာမှာ ရိုက်ကူးခဲ့တာပါ။ နယူးဇီလန်ရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာမှာတော့ “နေ့စဉ် ကျနော်တို့တွေဟာ ပြေးလွှားလှုပ်ရှားနေကြတာပါ။ ဒါကတော့ ကျနော်တို့အဖွဲ့ရဲ့ #runningmanchallenge လို့ အမည်ရတဲ့ လှုံ့ဆော်ရုပ်သံဗွီဒီယိုဖိုင်ပါ” လို့ ရေးခဲ့တာပါ။ ဒီပို့စ်မှာ သြစတေးလျ၊ အမေရိကန်နဲ့ ဗြိတိန် စတဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့တွေကိုပါ ရည်ညွှန်းထားခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို မေလ ၃ ရက်နေ့က ထုတ်လွှင့်လိုက်ချိန်မှာ ပရိသတ်တွေ ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေဟာ ၄ သန်းနီးပါး ရှိခဲ့ပါတယ်။ အသက် ၄၃ နှစ်အရွယ် ရဲအရာရှိ ဆန်နီဂျိုးဆက်ပ်အိုဆီဖိုဟာ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တခြားအဖွဲ့ဝင်တွေနဲ့အတူ ပါဝင်သရုပ်ပြခဲ့ပြီး သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည်းက ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ “တကယ်လို့များ လမ်းပေါ်မှာရှိတဲ့ တစုံတယောက်ကို ကျနော်တို့က ရယ်မော ပျော်ရွှင်စေခဲ့မယ်ဆိုရင် ဒါဟာ ကျနော်တို့အလုပ်ကို ပိုပြီး လွယ်လွယ်ကူကူ တက်တက်ကြွကြွ ဆက်လုပ်နိုင်မှာပေါ့ဗျာ။ ကျနော်တို့ဟာ ရဲအရာရှိတွေရဲ့ လုပ်ဆောင်မယ့် တာဝန်တွေအပြင် အဖွဲ့ရဲ့ မတူကွဲပြားတဲ့ အင်အားတွေကိုလည်း လိုချင်ပါတယ်” လို့ သူက ပြောပါတယ်။
5 years Ago
Up