နယူးဇီလန်တွင် ပြင်းအား ၅ ဒသမ ၇ ရှိ မြေငလျင် လှုပ်

February 15, 2016

နယူးဇီလန်တွင် ပြင်းအား ၅ ဒသမ ၇ ရှိ မြေငလျင် လှုပ်

နယူးဇီလန်နိုင်ငံရဲ့ ခရစ္စချာ့ခ်ျမြို့အနီးမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပြင်းအား ၅ ဒသမ ၇ ရှိတဲ့ ငလျင် လှုပ်ခဲ့တယ်လို့ မြေငလျင်စောင့်ကြည့်ရေးဌာနက ပြောပါတယ်။ ငလျင်ဟာ မြို့တော်ရဲ့ အရှေ့ဘက် ၁၅ ကီလိုမီတာမှာ မြေပြင်အနက် ၁၅ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်ခဲ့တယ်လို့ ဘူမိကွန်ရက်က ဆိုပါတယ်။ ငလျင်လှုပ်အားကြောင့် ဈေးဝယ်ကုန်တိုက်ရဲ့ စင်တွေပေါ်က အစားအသောက်ဘူးတွေ ပြုတ်ကျသွားတဲ့အခါမှာတော့ ကြိုတင်ကာကွယ်ရေးအနေနဲ့ ခရစ္စချာ့ခ်ျက အဆောက်အဦ အတော်များများက လူတွေကို ဘေးလွတ်ရာ နေရာရွှေ့ပြောင်းခဲ့ရပါတယ်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေနဲ့ ဆုံးရှုံးမှုတွေ မကြားရသေးဘူးလို့ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဒါပေမယ့်လည်း နယူးဇီလန်အတွက် ဆူနာမီခြိမ်းခြောက်မှုတော့ မရှိဘူးလို့ မြို့ပြကာကွယ်ရေး အာဏာပိုင်တွေက ပြောပါတယ်။
6 years Ago
Up