နယူးဇီလန်တွင်

February 12, 2017

နယူးဇီလန်တွင် သောင်တင်နေသည့် ဝေလငါး ၂၀၀ ကျော် ဒီရေနှင့် ပြန်ပါသွား (ရုပ်သံ)

နယူးဇီလန် တောင်ကျွန်း မြောက်ဖက်စွန်းမှာ ပြီးခဲ့တဲ့တပတ်ကစပြီး သောင်တင်ခဲ့ကြတဲ့ ဝေလငါးအကောင် ၂၀၀ ကျော်ဟာ စနေနေ့ညက တက်လာတဲ့ ဒီရေနဲ့ ပင်လယ်ထဲပြန်ပြီး လွတ်မြောက်သွားကြပါတယ်။ ဒီဝေလငါးတွေဟာ ပြီးခဲ့တဲ့တပတ် ကြာသပတေးနေ့က စပြီးသောင်တင်လာကြပြီး ဒီရေ ပြန်မတက်ခင်အထိ ဝေလငါးအကောင် ၃၀၀ ကျော် သေဆုံး ခဲ့ကြပါတယ်။ စနေနေ့က တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့၊ စေတနာ့ဝန်ထမ်းတွေဟာ လက်ချင်းချိတ်ပြီး ဝေလငါးတွေကို တားမြစ်ခဲ့ကြပေမယ့်လည်း မအောင်မြင်ခဲ့ကြပါဘူး။ အခုလည်း ဒီရေနဲ့ပြန်လွတ်မြောက်သွားတဲ့ ငါးတွေ ကမ်းပေါ်ပြန်တက်လာနိုင်တဲ့အတွက် စောင့်ကြည်ဖို့လည်း  တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေက သတိပေးကြပါတယ်။ “အခုတော့ စနေနေ့ညက တက်လာတဲ့ ဒီရေနဲ့ ဝေလငါး အကောင် ၂၄၀ လောက်မှာ အများစုကတော့ ပင်လယ်ထဲ ပြန်လွတ်မြောက်သွားကြပြီ၊ ဆက်သောင်တင်နေတဲ့ ၁၇ ကောင်ကိုတော့ ကယ်ဆယ်သူတွေနဲ့ စေတနာ့ဝန်ထမ်းတွေက ဆက်ပြီး ကူညီပေးနေကြပါတယ်။” လို့ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ပြောခွင့်ရသူက ပြောဆိုပါတယ်။ ဒီဝေလငါးမျိုးတွေဟာ မျိုးသုဉ်းလုတိရစ္ဆာန်စာရင်းထဲ မပါဝင်ပေမယ့် ဒီနယူးဇီလန်ပင်လယ်ပြင်မှာ ဒီဝေလငါးမျိုး အကောင်ရေ ခန့်မှန်းခြေ ဘယ်လောက်ရှိမလဲဆိုတာတော့ မသိရှိကြပါဘူး။
4 years Ago
Up