နယူးဇီလန်

June 14, 2019

နယူးဇီလန်တွင် လူ ၅၁ ဦးအား ပစ်သတ်ခဲ့သည့် သေနတ်သမား အပြစ်မရှိကြောင်း ထွက်ဆို

နယူးဇီလန်နိုင်ငံမှာ လူ ၅၁ ယောက်ကို ပစ်သတ်ခဲ့တဲ့ သေနတ်သမားက သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်အားလုံးမှာ အပြစ်မရှိဘူးလို့ ထွက်ဆိုလိုက်ပါတယ်။ ဇွန် ၁၄ ရက်နေ့က နယူးဇီလန်နိုင်ငံ ခရိုက်ချက်တရားရုံး ကြားနာမှုမှာ သြစတြေးလျနိုင်ငံသား ဘရန်တန် တာရန့်က ဗွီဒီယိုလင့်ခ်ကနေတဆင့် ထွက်ဆိုပြီး ရှေ့နေတွေကတဆင့် အယူခံဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့မှာရှိတဲ့ ဗလီနှစ်ခုကို တကိုယ်တော် ဝင်ရောက်ပစ်ခတ်ခဲ့မှုနဲ့ ပတ်သက်ပြီး အသက် ၂၉ နှစ်အရွယ် သြစတြေးလျနိုင်ငံသား ဘရန်တန် တာရန့်ကို လူသတ်မှု ၅၁ မှု၊ လူသတ်ရန်ကြိုးပမ်းမှု ၄၀၊ အကြမ်းဖက်မှု ၁ မှုတို့နဲ့ စွဲချက်တင်ထားတာပါ။ အဲဒီသတ်ဖြတ်မှုဟာ နယူးဇီလန်သမိုင်းမှာ အသေအပျောက် အများဆုံး သေနတ်ပစ်ခတ်မှု ဖြစ်သလို ပထမဆုံးအကြိမ် အကြမ်းဖက်မှု စွဲချက်တင်တာလည်း ဖြစ်ပါတယ်။ တိုက်ခိုက်မှုမှာ အသက်ရှင်ကျန်ရစ်သူတွေနဲ့ သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေ တရားရုံးကြားနာမှုကို လာရောက်နားထောင်ခဲ့ပါတယ်။ ကြားနာမှုကို လာမယ့်နှစ် မေ ၄ ရက်နေ့မှာ ပြန်လည်စတင်မယ်လို့ တရားရုံးချုပ် တရားသူကြီး ကင်မရွန်းမန်ဒါက ပြောကြားခဲ့ပါတယ်။
2 years Ago

May 29, 2019

နယူးဇီလန်တွင် လုပ်ခလစာတိုးပေးရန် ကျောင်းဆရာ၊ ဆရာမ သောင်းချီ ဆန္ဒပြ

နယူးဇီလန်နိုင်ငံမှာ မေလ ၂၉ ရက်နေ့က သောင်းချီတဲ့ ကျောင်းဆရာ၊ ဆရာမတွေ စုဝေးချီတက်ပြီး လုပ်ခလစာ တိုးပေးဖို့နဲ့ အလုပ်ချိန်လျှော့ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ဗုဒ္ဓဟူးနေ့က ဆန္ဒပြပွဲဟာ နယူးဇီလန်နိုင်ငံမှာ အကြီးမားဆုံး ပညာရေး သပိတ်တခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ မူလတန်းနဲ့ အလယ်တန်း ကျောင်းဆရာ၊ ဆရာမ အယောက် ငါးသောင်းလောက် ပူးပေါင်းပါဝင်ခဲ့ကြပြီး နိုင်ငံတဝန်း ကျောင်းတွေ ပိတ်ထားရတယ်လို့ ဆရာများသမဂ္ဂအဖွဲ့က ပြောပါတယ်။ နယူးဇီလန်ရဲ့ လူနေမှုဘဝအဆင့် မြှင့်တင်ရေး ရည်ရွယ်တဲ့ ဝန်ကြီးချုပ် ဂျပ်စင်ဒါ အာမဒန်ရဲ့ 'Wellbeing' ဘတ်ဂျက်ကို ထုတ်ပြန်ဖို့ တရက်အလိုမှာ အဲဒီဆန္ဒပြပွဲ ပေါ်ပေါက်လာခဲ့တာပါ။ လုပ်ခလစာ တိုးပေးဖို့နဲ့ အလုပ်တာဝန်တွေ လျှော့ချပေးဖို့ ဆရာ၊ ဆရာမတွေကိုယ်စား ဆရာများသမဂ္ဂအဖွဲ့က နယူးဇီလန်အစိုးရနဲ့ ညှိနှိုင်းနေတာ လနဲ့ချီကြာနေပါပြီ။ ဒါပေမယ့် အဲဒီဆွေးနွေးမှုဟာ နှစ်ဖက်အကြား သဘောတူညီမှု မရသေးဘဲ လိပ်ခဲတည်းလည်း အခြေအနေနဲ့ အဆုံးသတ်ခဲ့ပါတယ်။
2 years Ago
More News
Up