နယူးဆောက်ဝေးလ်စ်

May 25, 2020

နယူးဆောက်ဝေးလ်စ်ပြည်နယ်တွင် စာသင်ကျောင်းများ ပြန်ဖွင့်

ဩစတြေးလျရဲ့ လူဦးရေအများဆုံး ပြည်နယ်ဖြစ်တဲ့ နယူးဆောက်ဝေးလ်စ်ပြည်နယ်မှာ မေလ ၂၅ ရက်ကစလို့ စာသင်ကျောင်းတွေ ပြန်ဖွင့်နေပါတယ်။  ကျောင်းသားမိဘတွေကလည်း စာသင်ခန်းတွေဟာ ကလေးတွေအတွက် လုံခြုံတယ်လို့ ခံစားရကြောင်း ပြောပါတယ်။  ဩစတြေးလျဟာ ကိုဗစ်-၁၉ အတည်ပြုလူနာ ဦးရေ ၇၁၀၀ ကျော်နဲ့ သေဆုံးသူ ၁၀၂ ဦး ရှိပါတယ်။ နေ့အများစုမှာ ပြည်နယ်တွေက ကိုဗစ်-၁၉ အတည်ပြုလူနာဟာ နှစ်ဆယ်မကျော်ခဲ့ပါဘူး။  အခုဆို ပြည်နယ်တွေမှာ ဇူလိုင်လကစလို့ လော့ဒေါင်းချထားတဲ့ စည်းကမ်းတွေကို ဖြေလျှော့ပြီး အဆင့်သုံးဆင့်နဲ့ ပြန်ဖွင့်ပေးဖို့ ပြင်ဆင်နေပြီလို့ ရိုက်တာသတင်းက ရေးထားပါတယ်။
11 months Ago

May 10, 2020

နယူးဆောက်ဝေးလ်စ်တွင် စားသောက်ဆိုင်၊ ကစားကွင်းနှင့် ရေကူးကန်များ မေ ၁၅ ရက် ပြန်ဖွင့်မည်

ဩစတြေးလျရဲ့ အကြီးဆုံးပြည်နယ်ဖြစ်တဲ့ နယူးဆောက်ဝေးလ်စ်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေး အသွားအလာကန့်သတ် လော့ဒေါင်းချထားတာကနေ စားသောက်ဆိုင်တွေ၊ ကစားကွင်းနှင့် ရေကူးကန်တွေကို မေ ၁၅ ရက်နေ့ကစလို့  ပြန်ဖွင့်ပေးတော့မယ်လို့ သိရပါတယ်။  ဒီပြည်နယ်ဟာ ဩစတြေးလျမှာ COVID-19 ကပ်ဘေးကြောင့် အထိခိုက်ဆုံးဖြစ်ခဲ့ပါတယ်။  တနိုင်ငံလုံး သေဆုံးနှုန်းရဲ့ ၄၅ ရာခိုင်နှုန်းက နယူးဆောက်ဝေးလ်စ်မှာ သေဆုံးခဲ့တာပါ။ မေ ၁၅ ရက်နေ့ကစလို့ ပြည်နယ်အတွင်း ကဖေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ တကြိမ်မှာ လူ ၁၀ ဦးအထိ ထိုင်ခွင့်ပေးမယ်လို့ သိရပါတယ်။  ကစားကွင်းတွေနဲ့ ရေကူးကန်တွေကိုတော့ တင်းကျပ်တဲ့ စည်းကမ်းသတ်မှတ်ပြီး ပြန်ဖွင့်ခွင့်ပေးမှာပါ။  ဩစတြေးလျအစိုးရဟာ မေ ၈ ရက်နေ့က စလို့ အဆင့်သုံးဆင့်ပါတဲ့ လော့ဒေါင်းပြန်ဖွင့်ရေး အစီအစဉ်ကို စတင်ခဲ့ပြီး လူ ၁ သန်းနီးပါးလောက်ဟာ ဇူလိုင်လမှာ အလုပ်ခွင်ပြန်ဝင်နိုင်အောင် လုပ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago
Up