နယူးဂျာစီ

June 18, 2018

နယူးဂျာစီပြည်နယ်ရှိ ထိန်းသိမ်းရေးစခန်းများကို လွှတ်တော်အမတ်များ လေ့လာ

တရားမဝင် ဝင်ရောက်လာသူတွေရဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ဖို့ ဖိအားပေးတဲ့အနေနဲ့ ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေဟာ နယူးဂျာစီပြည်နယ်က ထိန်းသိမ်းရေးစခန်းတွေကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်။ နိုင်ငံတွင်း ဝင်ရောက်လာသူတွေကို ထိန်းသိမ်းထားတဲ့ အမေရိကန် နယူးဂျာစီပြည်နယ်က စခန်းတွေထဲကို ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေ ဝင်ရောက်လေ့လာခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တင်းကျပ်တဲ့ နယ်စပ်လုံခြုံရေး မူဝါဒကြောင့် ဧပြီ ၁၉ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ ဖမ်းဆီးရမိသူတွေကို ထိန်းသိမ်းထားရာမှာ  ကလေးငယ် ၂၀၀၀ ခန့်ဟာ သူတို့ရဲ့မိဘတွေနဲ့ အတူနေခွင့်မပေးဘဲ ခွဲထားတယ်လို့လည်း အမေရိကန်အစိုးရက ဇွန်လ ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။ “ကျနော်တို့ ကြားရတာကတော့ မိဘတွေလက်ထဲကနေ ကလေးတွေကို ဆွဲထုတ်သွားတယ်။ ကလေးတွေကို သူတို့အမေနဲ့ ခွဲထားပြီး ပြုစုစောင့်ရှောက်တယ်လို့ ဆိုပါတယ်။ မသန်စွမ်းကလေးတွေကို သူတို့မိဘရင်ခွင်ကနေ ခွဲထုတ်ခဲ့ကြပါတယ်။ မကြာသေးခင်ကပဲ ဖခင်တယောက်ဟာ သူ့ကလေးနဲ့ အခွဲခံမယ့်အစား သူ့အသက်ကိုပဲ အဆုံးစီရင်သွားခဲ့ပါတယ်။ ဒီလုပ်ရပ်တွေဟာ ဒီအစိုးရရဲ့ ကျနော်တို့နိုင်ငံနာမည်ကိုသုံးပြီး လုပ်နေတဲ့ တရားမဝင်လုပ်ရပ်တွေပါ။ ဒီလုပ်ရပ်တွေဟာ ကျင့်ဝတ်မဲ့တဲ့ လုပ်ရပ်တွေဖြစ်ပြီး လွတ်လပ်မှုရဲ့ မီးရှူးတန်ဆောင်၊ ဖိနှိပ်ခံရသူတွေအတွက် နားခိုရာနေရာဆိုတဲ့ ကျနော်တို့နိုင်ငံရဲ့ သမိုင်းကို သွေဖည်လိုက်တာဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကြောင့် ကျနော်တို့နိုင်ငံကို အရှက်ရစေပါတယ်” လို့ နယူးယောက်ပြည်နယ် ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် ဂျရိုးနက်ဒလာက ပြောကြားသွားပါတယ်။
3 years Ago

July 15, 2015

နယူးဂျာစီတွင် လေယာဉ်အသေးတစီး အဝေးပြေးလမ်းပေါ် အရေးပေါ်ဆင်းသက် (ရုပ်သံ)

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာ လေယာဉ်အသေးတစီးဟာ ကားရှုပ်တဲ့ အဝေးပြေးလမ်းပေါ်ကို အရေးပေါ် ဆင်းသက်ခဲ့ပုံ ရုပ်သံကို ရဲတွေက အသစ် ဖြန့်ချိလိုက်ပါတယ်။ ဇူလိုင် ၁၂ ရက်နေ့က အရေးပေါ် ဆင်းသက်မှုအတွင်း နည်းပြက အသေးစား ဒဏ်ရာတွေ ရခဲ့တာပါ။ စတန်းဖို့ဒ်မြို့နယ် ရဲတွေက ဖြန့်ချိတဲ့ ရုပ်သံထဲမှာ လေယာဉ်ဟာ မြက်ခင်းပေါ် လျှောဆင်းသွားပြီး ဖြတ်သွားတဲ့ ကားတွေနဲ့ မတိုက်မိဘဲ သီသီကလေး လွတ်သွားခဲ့ပုံကို ပြထားပါတယ်။ အနားက လေထီးခုန်ကျောင်းက ကျောင်းသားတွေ အပါအဝင် လူငါးယောက် စီးလာတဲ့ စက်တလုံးတပ် လေယာဉ်ဟာ လောင်စာကုန်သွားခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။ ဒီမတော်တဆမှုကို ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲရေးရုံးက စုံစမ်း စစ်ဆေးနေတယ်လို့ ဒေသခံ မီဒီယာက ပြောပါတယ်။
6 years Ago
Up