နယူးကာဆယ်အသင်းဟာ နည်းပြ စတိဗ် မက္ကလာရင်ကို ရာထူးက ထုတ်ပယ်လိုက်ပြီး စပိန် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အင်္ဂလန် လီဗာပူးနည်းပြဟောင်း ဘင်နီတက်ဇ်ကို ၃ နှစ် စာချူပ်ချူပ်ပြီး သူရဲ့နေရာမှာ အစားထိုးလိုက်ပါတယ်။
စတိဗ်မက္ကလာရင်ဟာ ငွေသုံးပြီး ကစားသမားအသစ်တွေကို ဖြည့်ဆည်းခဲ့ပေမဲ့ လည်း အသင်းရဲ့ရလဒ်တွေ ဟာ ဆိုးဝါးနေခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဒ်တန်းဆင်းဇုန် အဆင့် ၁၉ ကို ရောက်နေတာပါ။
[caption id="attachment_139059" align="aligncenter" width="644"]

စတိဗ် မက္ကလာရင်[/caption]
အင်္ဂလန်အသင်း နည်းပြဟောင်း ဖြစ်ပြီး နည်းပြအတွေ့အကြုံ နှစ်ပေါင်း ၂၀ လောက်ရှိတဲ့ သူကို သုံးနှစ်စာချုပ်နဲ့ နယူးကာဆယ်က ပြီးခဲ့တဲ့နှစ် ဇွန်လက ခေါ်ယူခဲ့တာပါ။
သူကိုင်တွယ်ခဲ့တဲ့ အသင်းတချို့မှာ အောင်မြင်မှုတချို့ ရှိခဲ့ပေမဲ့လည်း နယူးကာဆယ်အသင်းကို ရလဒ်ကောင်းတွေ ရအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး ။
5 years Ago