နယူးကာဆယ်

July 9, 2019

နယူးကာဆယ် နည်းပြရာထူးအတွက် ကမ်းလှမ်းမှု ဂျရတ် ပယ်ချ

ရိန်းဂျားစ်နည်းပြ ဂျရတ်ဟာ နယူးကာဆယ်နည်းပြ ရာထူးအတွက် ကမ်းလှမ်းမှုရခဲ့ပေမယ့် ပယ်ချခဲ့တယ်လို့ သိရပါတယ်။ နယူးကာဆယ်အသင်းဟာ နည်းပြ ဘင်နီတက်ဇ်နဲ့ လမ်းခွဲခဲ့တာကြောင့် နည်းပြသစ်တဦး ခန့်အပ်ဖို့ ရှာဖွေနေတာပါ။ အသင်းပိုင်ရှင် မိုက်အက်ရှ်လေဟာ လီဗာပူး ကစားသမားဟောင်းနဲ့ လက်ရှိ ရိန်းဂျားစ်အသင်းနည်းပြ ဂျရတ်ကို ခန့်အပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဂျရတ်က လက်မခံဘဲ ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၃၉ နှစ်ရှိ ဂျရတ်ဟာ ပြီးခဲ့တဲ့နှစ်ကစပြီး စကော့တန်ကလပ် ရိန်းဂျားစ်အသင်းကို နည်းပြချုပ်အဖြစ် စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ချန်ပီယံ ဆဲလ်တစ်အသင်းရဲ့ နောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။
3 years Ago

July 3, 2019

ဘင်နီတက်ဇ် တရုတ်ကလပ်သို့ ပြောင်းရွှေ့

နယူးကာဆယ်နည်းပြဟောင်း ဘင်နီတက်ဇ်ဟာ တရုတ်ကလပ် ဒါလီယန် ရီဖန်း အသင်းနည်းပြချုပ်အဖြစ် ပြောင်းရွှေ့တာဝန်ယူမှာဖြစ်ပါတယ်။  ပြီးခဲ့တဲ့ဇွန်လက နယူးကာဆယ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ ဘင်နီတက်ဇ်ဟာ အသင်းနဲ့ ဆွေးနွေးမှု အဆင်မပြေခဲ့တာကြောင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာဖြစ်ပါတယ်။  လက်ရှိအချိန်မှာတော့ တရုတ်စူပါလိဂ်ကလပ် ဒါလီယန်ရီဖန်းအသင်းကို ပြောင်းရွှေ့တော့မယ်လို့ ဘင်နီတက်ဇ်က တွစ်တာအကောင့်ကနေ အတည်ပြုပါတယ်။ “ရှည်လျားတဲ့ ခရီးရှည်ကြီးအပြီးမှာတော့ စိန်ခေါ်မူအသစ်ကို စတင်တော့မှာဖြစ်ပြီး  ဒီလီယန်ရီဖန်းအသင်းနဲ့အတူ စီမံကိန်းသစ်ကို လုပ်ဆောင်ရမယ့်အပေါ်မှာ ကျေနပ်ပျော်ရွှင်မိတယ်” လို့ ဘင်နီတက်ဇ်က တွစ်တာကနေ ရေးသားသွားခဲ့ပါတယ်။  ဒါ့အပြင် နယူးကာဆယ်အသင်းမှာ စီမံကိန်းသစ်ဖြစ်လာမလာတဲ့အပေါ်မှာလည်း အသင်းပိုင်ရှင် မိုက်အက်ရှ်လေကို ဘင်နီတက်ဇ်ကဖေန်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်၊ ဗလင်စီယာ၊ လီဗာပူး၊ အင်တာမီလန်၊ချဲ လ်ဆီးနဲ့ နာပိုလီအသင်းတွေမှာ နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဘင်နီတက်ဇ်အနေနဲ့ ဒါလီယန်ရီဖန်းအသင်းမှာ တနှစ်လုပ်ခပေါင် ၁၂ သန်းအထိ ရရှိမှာဖြစ်ပါတယ်။
3 years Ago
More News
Up