နမ့်စန်မြို့ပြင်အမှိုက်ပုံအနီး

January 11, 2018

နမ့်စန်မြို့ပြင်အမှိုက်ပုံအနီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၃ ဦး ဖမ်းမိ

ရှမ်းပြည်နယ်​တောင်​ပိုင်း၊ နမ့်​စန်​မြို့ပြင်​ရှိ အမှိုက်​ပုံ​နေရာမှာ မူးယစ်​​ဆေးဝါး ​ရောင်းဝယ်​သုံးစွဲသူတွေကို ဇန်​နဝါရီ ၁၀ ရက်​​နေ့က အဖွဲ့စုံက ဝင်​​ရောက်​ဖမ်းဆီးရာ အမျိုးသမီး တဦး နဲ့ အမျိုးသားနှစ်ဦးကို မူးယစ်​​ဆေးပြား ၁၉၁၂ နဲ့အတူ  ဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်​​ဆေးဝါးသတင်းအရ နမ့်​စန်​မြို့ပြင်​ အမှိုက်​ပုံအနီးရှိ မနန်းကြည်​ ရဲ့ ​နေအိမ်​တဲအတွင်း ဝင်​​ရောက်​ရှာ​ဖွေရာ မနန်းကြည်​၊​​​ မောင်ေ​ကာင်းမာန်​ပြည့်​နိုင်​၊ ​မောင်​​အောင်​စိုးမိုးတို့ကို တဲအတွင်းမှာတွေ့ရပြီး အဖြူ​ရောင်​ခဲ​ရောင်​အကွက်​ပါရှိတဲ့ ​ပြောက်​ကျား​ ဘေးလွယ်​အိတ်​ထဲက မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့​တယ်လို့ နမ့်​စန်​ရဲစခန်းက သိရပါတယ်။ နမ့်စန်မြို့မရဲစခန်းက မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိသူ သုံးဦးကို ​ မူယစ်​​ဆေးဝါးနှင့်​ စိတ်​ကို​ပြောင်းလဲ​စေ​သော ​ဆေးဝါးများဆိုင်​ရာ ဥပ​ဒေအရ အရေးယူထားပါတယ်။ ဓာတ်ပုံ-မူးယစ်​ရဲတပ်​ဖွဲ့
3 years Ago
Up