နမ့်ပေါ်တံတား

August 10, 2020

မူဆယ်မြို့နယ် နမ့်ပေါ်တံတားအနီးတွင် တရားမဝင် တရုတ်နိုင်ငံသား ၃ ဦး ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားအနီးမှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၃ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားအနီး၊ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ပြည်ထောင်စုလမ်းမကြီးကတဆင့် မူးယစ်ဆေးဝါးနဲ့ တရားမဝင် ပစ္စည်းတွေ ဝင်ရောက်မှုမရှိစေရေး ရှာဖွေစစ်ဆေးနေစဉ် မနေ့ မွန်းလွဲ ၃ နာရီလောက်က ဆိုင်ကယ်အသစ်လေးစီးအား မသင်္ကာလို့ ရပ်တန့်စစ်ဆေးရာက တရားမဝင်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၃ ဦးနဲ့ ဥပဒေမဲ့အခကြေးငွေယူ ခေါ်ဆောင်လာသူ မြန်မာနိုင်ငံသား ၁ ဦးတို့အား ဖမ်းဆီးရမိခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား ၃ ဦး၊ မြန်မာနိုင်ငံသား ၁ ဦးနဲ့ ဆိုင်ကယ် ၄ စီးအား ဥပဒေအရ ဆက်လက်အရေးယူဖို့ သက်ဆိုင်ရာကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
1 year Ago
Up