နမူနာပြသထားသည့်

September 29, 2017

နမူနာပြသထားသည့် လိင်ဆက်ဆံဖော်အရုပ်မ ကိုယ်ထိလက်ရောက်စမ်းသပ်မှုများပြီး ပျက်စီး

နည်းပညာပြပွဲတခုမှာ နမူနာအဖြစ် ပြသထားခဲ့တဲ့ လိင်ဆက်ဆံဖော်အရုပ်မကို ပြပွဲလာ ပရိသတ်တွေက ကိုယ်ထိလက်ရောက် စမ်းသပ်မှုတွေများလို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဘီဘီစီသတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။ ပေါင် ၃၀၀၀ တန် ဆမန်သာအမည်ရတဲ့ ဒီလိင်ဆက်ဆံဖော်အရုပ်မကို သြစတြီးယားနိုင်ငံ၊ လင့်ဇ်မြို့မှ Arts Electronica ပြပွဲမှာ ပြသထားခဲ့တာဖြစ်ပြီး တက်ရောက်လာတဲ့ အမျိုးသားပရိသတ်တွေကို ဆွဲဆောင်နိုင်စေဖို့လို့ ဆိုပါတယ်။ ဒီအရုပ်ရဲ့ဖန်တီးရှင် ဆာဂျီဆန်းတို့စ်က “လူတွေက အရုပ်မရဲ့ ရင်သားတွေနဲ့ လက်တွေ၊ ခြေထောက်တွေကို ထိတွေ့ကိုင်တွယ်ခဲ့တာများလို့ လက်ချောင်း ၂ ချောင်း ကျိုးသွားခဲ့တယ်။ အရုပ်မှာလည်း ဆိုးဆိုးဝါးဝါး စွန်းထင်းသွားတယ်” လို့ ပြောပါတယ်။ မှတ်ဉာဏ်စွမ်းရည်ပါတဲ့ အရုပ်မဟာ စကားပြောဆိုနိုင်၊ ခံစားတုံ့ပြန် ပြောဆိုနိုင်တယ်ဆိုပြီး ကနဦးကြော်ငြာထားခဲ့ပြီးကတည်းက စိတ်ဝင်စားမှုတွေ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။ “လူတွေက တော်တော် ဆိုးဆိုးဝါးဝါးဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ နည်းပညာကို နားမလည်ဘူး။ ဘယ်လိုသုံးရမလဲဆိုတာ မသိဘူး။ သူတို့ဟာ အရုပ်မကို လူရိုင်းတွေလိုမျိုး ဆက်ဆံကြတာ။” ခုလိုဖြစ်ပျက်ခဲ့တဲ့ ဒီအဖြစ်အပျက်ကြောင့် ဆမန်သာကို နေရင်းဒေသဖြစ်တဲ့ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ကို ပြန်ပို့ဆောင်ပြီး သန့်ရှင်းရေးလုပ်ငန်းတွေနဲ့ ပြန်လည်ပြင်ဆင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ “ဆမန်သာက ကြံ့ကြံ့ခံနိုင်ပါတယ်။ သူ့ကို ပြန်ပြီး ကုစားသွားရမှာပါ။”
4 years Ago
Up