(နမူနာ)

December 18, 2019

ဟောလိဝုဒ်စတား Twilight မင်းသမီး ခရစ္စတင်းစတီးဝပ် ပါဝင်သည့် ရုပ်ရှင် - Seberg (နမူနာ)

ထူးခြားတဲ့ နိုင်ငံရေးနောက်ခံ အတ္ထုပ္ပတ္တိဒရာမာအမျိုးအစား ရုပ်ရှင်ကားတကား ဖြစ်တဲ့ Seberg ကို နိုင်ငံတကာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကတည်းက ရုံ တင်ပြသနေပါတယ်။ ဒီကားကိုတော့ Amazon Studios နဲ့ Universal Pictures တို့ကနေ ဖြန့်ချိပေးသွားမှာဖြစ်ပြီး ဩစတေးလျ ရုပ်ရှင်ဒါရိုက်တာ Benedict Andrews က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ ၁၉၆၀ နှောင်းပိုင်းကာလတွေက အခင်းအကျင်းတွေနဲ့အတူ အဲဒီခေတ်ကာလမှာ ထင်ရှားခဲ့တဲ့ French New Wave စတား ဟောလိဝုဒ်မင်းသမီး Jean Seberg ရဲ့ အကြောင်းကို ရိုက်ကူးပုံဖော်ထားခဲ့တာပါ။ ထူးခြားတာကတော့ မင်းသမီးဟာ သရုပ်ဆောင်လောကကနေ နိုင်ငံရေးလောကထဲ ဘယ်လို ရောက်ရှိလာခဲ့သလဲ။ နိုင်ငံသားအခွင့်အရေး တက်ကြွလှုပ်ရှားသူတဦး ဖြစ်တဲ့ Hakim Jamal နဲ့ နှစ်ယောက်ကြား အချစ်ရေးနဲ့အတူ FBI ရဲ့ ပစ်မှတ်တခု ဖြစ်လာခဲ့ပုံတွေကို ရုပ်ရှင်အနေနဲ့ ဘယ်လို ရိုက်ကူးပုံဖော်ထားမလဲ ဆိုတာကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ အဓိကဇာတ်ကောင်မင်းသမီး နေရာမှာ Twilight ရုပ်ရှင်စီးရီးတွေနဲ့ နာမည်ကြီးခဲ့တဲ့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး Kristen Stewart က ပါဝင်ထားပြီး သူနဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Anthony Mackie ၊ Jack O' Connell ၊ Margaret Qualley ၊ Zazie Beetz စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကို နာမည်ကျော် ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Venice Film Festival မှာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက ကနဦးပြသခဲ့ပြီး ချီးကျုးမှုတွေလည်း ရရှိထားပါတယ်။
1 year Ago

December 16, 2019

ကိုရီးယားမင်းသားနှင့် ဝတ်မှုန်ရွှေရည်တို့ ပါဝင်သည့် “တိမ်တွေပေါ်ကပန်း” ရုပ်ရှင် ရုံတင်မည်(နမူနာ)

ကိုရီးယား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ရိုက်ကူးထားတဲ့ အချစ်ဒရာမာ ရုပ်ရှင် ‘တိမ်တွေပေါ်ကပန်း’ကို လာမယ့်ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ Big Five ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ JVJ Entertainment တို့ ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ စင်ရော်မောင်မောင်က  ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ တောင်ပေါ်မြို့လေးတမြို့က မိဘမဲ့ဂေဟာတခုမှာ စိတ်ဒဏ်ရာတခုနဲ့ ကြီးပြင်းခဲ့ရပြီး သီချင်းဆိုရတာ ဝါသနာပါတဲ့ ကောင်မလေးတယောက်။ သူ့ကို  လူထုပရိသတ်တွေရှေ့ ထွက်ပြီး သီချင်းတွေ သီဆိုဖျော်ဖြေနိုင်ဖို့ ကူညီပေးခဲ့တဲ့ ကိုရီးယားနိုင်ငံက ကောင်လေးတယောက်။ သူတို့နှစ်ယောက်ကြားက ပတ်သက်ဆက်နွှယ်လာတဲ့ နူးညံ့တဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာပါ။ ဒီကားထဲမှာ အဓိကသရုပ်ဆောင်တွေအနေနဲ့ ကိုရီးယားသရုပ်ဆောင်မင်းသား Ryu Sang Wook နဲ့ မြန်မာသရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ ကျော်ထက်အောင်၊ ဝတ်မှုန်ရွှေရည်၊ မေသန်းနုတို့ကလည်း ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်မယ့် ဇာတ်ဝင်ခန်းတွေကိုတော့ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ဘူဆန်မြို့နဲ့ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တွေမှာလည်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ‘တိမ်တွေပေါ်ကပန်း’ ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာပါ။ လှပတဲ့ တေးသွားတွေနဲ့ ဇာတ်ဝင်သီချင်းတွေ၊ ရှုခင်းအလှအပတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကား Trailer ဟာ လတ်တလောအချိန်ထိ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းနီးပါး ရှိနေပါတယ်။ Photo&Video : Big 5 Film Production
1 year Ago
More News
Up