နမိုးနီးယားအဆုတ်ရောင်ရောဂါ

May 23, 2020

နီကာရာဂွါတွင် ပြီးခဲ့သည့် ဇန်နဝါရီမှစ၍ နမိုးနီးယားအဆုတ်ရောင်ရောဂါဖြင့် ၃၀၉ ဦး သေဆုံး

အလယ်အမေရိကတိုင်းပြည်တခုဖြစ်တဲ့ နီကာရာဂွါမှာ ပြီးခဲ့တဲ့ဇန်နဝါရီလကစလို့ နမိုးနီးယားအဆုတ်ရောင်ရောဂါနဲ့ လူ ၃၀၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။  သမ္မတ ဒင်နီယယ်အော်တေဂါက မနှစ်ကလည်း လူ ၈၇ ဦး သေဆုံးခဲ့ပေမယ့် ဒီထဲက တချို့ကပဲ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တယ်လို့ ဆိုပါတယ်။  နီကာရာဂွါ အာဏာပိုင်တွေကတော့ COVID-19 အတည်ပြုလူနာဦးရေဟာ နိုင်ငံတွင်းမှာ ၂၅ ဦးပဲ ရှိသေးပြီး သေဆုံးသူက ၈ ဦးရှိတယ်လို့ ပြောထားပါတယ်။  ဒါပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ဆေးရုံတွေမှာ လူနာတွေ ပြည့်ကျပ်နေပြီး အစိုးရဘက်က ကပ်ရောဂါပြန့်ပွားမှုကို မထိန်းချုပ်နိုင်တာ သံသယရှိနေကြပါတယ်။  နီကာရာဂွါမှာ COVID-19 တည်ပြုလူနာ ၂၇၉ ဦးရှိပြီး ပြန်ကောင်းလာသူ ၁၉၉ ဦးရှိပါတယ်။ သေဆုံးသူကတော့ မေလ ၂၂ ရက်နေ့အထိ ၁၇ ဦး ရှိတယ်လို့ ရိုက်တာသတင်းမှာ‌ ဖော်ပြထားပါတယ်။
11 months Ago
Up