နဘူးအိုင်​-ဆီမီးခုံ

June 23, 2018

နဘူးအိုင်​-ဆီမီးခုံ​ ကျေးရွာချင်းဆက်​လမ်း အမြန်​ပြုပြင်​​ပေးရန် ဒေသခံများ တောင်းဆို

မန္တလေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်​ရှိ နဘူးအိုင်​-ဆီမီးခုံ ​ကျေးရွာချင်းဆက်​လမ်းအား အမြန်​ပြုပြင်​​ပေး​​စေလိုတယ်​လို့ ဇွန်​ ၂၂ ရက်​​နေ့က ဖက်​ပင်​အိုင်​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦးမြင့်လွင်​က ​ပြောပါတယ်​။ အုပ်​ချုပ်​​ရေးမှူး ဦးမြင့်လွင်​က "ကျ​နော်​တို့ အဓိက ဒီနယ်​​မြေအတွက်​ ဖွံ့ဖြိုးဖို့ဆိုရင်​ အ​ရေးကြီးတာက လမ်း​တွေ​ကောင်းဖို့ပါပဲ။ ဒီလမ်း​တွေ ​မကောင်း​တော့ နယ်​​မြေ​ဒေသ ဖွံ့ဖြိုးတိုးတက်​မှု ​နောက်​ကျ​နေတာ​ပေါ့။ ​ကျေးရွာ​တွေမှာ ပရဟိတကား​တွေ ရှိ​ပေမယ့် ကျန်းမာ​ရေးအတွက်​ သွားလာရာမှာ လမ်းမ​ကောင်း​တော့ အချိန်​ကြန့်ကြာမှု​တွေ အမြဲဖြစ်​​နေတယ်​၊ ပညာ​ရေးအတွက်​လည်း သွားလာရတာ အခက်​အခဲရှိတာ​ပေါ့။ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းကလည်း လမ်းမ​ကောင်းလို့ ​တင်​ပြခဲ့ဖူးပါတယ်၊ ဘာမှ ဖြစ်​မလာပါဘူး။ ကျ​နော်​တို့ ​ဒေသခံ​တွေ စု​​ပေါင်းထည့်ဝင်​​ငွေနဲ့ လမ်းပြုပြင်​တာ​တွေ ရှိပါတယ်​။ ဒီလမ်းကို ပြုပြင်​ဖို့အတွက်​ လက်​ရှိအစိုးရမှ သက်​ဆိုင်​ရာဌာန အသီးသီးက တာဝန်​ရှိသူ​တွေကို အမြဲ တင်​ပြ​ပြောဆိုခဲ့​သော်​လည်း ခုချိန်​ထိ ဘာမှ ထူးခြားမလာပါဘူး” လို့ ပြောပါတယ်။ နဘူးအိုင်​ - ဆီမီးခုံ လမ်းပိုင်းအရှည်​ဟာ ၉ မိုင်​နဲ့ လမ်းအကျယ်​ ​ပေ ၁၀၀ ရှိကာ ပင်​လယ်​​ကျေးရွာ၊ ကန်​နီ​ကျေးရွာ၊ ​ကျောက်​တိုင်​​ကျေးရွာ နဲ့ ဖက်​ပင်​အိုင်​​ကျေးရွာတို့ ပါဝင်​ပြီး ယင်း​ကျေးရွာများမှ အများပြည်​သူ​တွေ သွားလာ​နေကြတဲ့ ​ကျေးရွာချင်း ဆက်​သွယ်​ထားတဲ့ လမ်းလည်း ဖြစ်​ပါတယ်​။ မြင်းခြံ အမျိုးသားလွှတ်​​တော်​ကိုယ်​စာလှယ်​ ဦး​အောင်​မျိုးလတ်​ ​က "ဒီလမ်းကို ၂၀၁၇-၁၈ ဘတ်​ဂျက်​မှာ ၁ မိုင်​ နဲ့ ၄ ဖာလုံ ခင်းထားခဲ့ပါတယ်​။ လာမယ့် ၂၀၁၈ - ၁၉ ပြည်​​ထောင်​စု ဘတ်​ဂျက်​မှာ လျာထားတာရှိပါတယ်​၊ အတည်​ပြုဖို့ပဲ ကျန်​ပါ​တော့တယ်​။ မိုင်​ အနည်းအများ​တော့ ​သေချာ မ​သိ​သေးတဲ့အတွက်​ ဘယ်​​လောက်​ခင်း​ပေးမယ်​ဆိုတာ​တော့ အတိအကျ မသိ​သေးဘူး။ လာမယ့် ဘတ်​ဂျက်​မှာ​တော့ ​သေချာသ​လောက်​ ဖြစ်​ပါတယ်​” လို့ ဒီဗွီဘီ ကို​ပြောပါတယ်​။ ဒါ့အပြင် မြင်းခြံ ​တောပု တလုပ်​ ဆီမီးခုံ လမ်းအပိုင်းကို​လည်း တိုင်း​ဒေသကြီး ဘတ်​ဂျက်​နဲ့ ပြန်​လည်​ ပြုပြင်​သွားမယ်လို့ ဆိုပါတယ်။ သတင်း ရီရီထွန်း ( မြင်းခြံ )
3 years Ago
Up