ဇန်နဝါရီအပြောင်းအရွှေ့မှာ အသုံးတည့်မယ့် ကစားသမားတွေ့မှ ခေါ်ယူသင့်တယ်လို့ မန်ယူအသင်းကို ဂယ်ရီနဗီးလ်က တိုက်တွန်းလိုက်ပါတယ်။
မန်ယူအသင်းဟာ လက်ရှိအချိန်မှာ ရလဒ်ကောင်းမွန်နေပြီး ပရီးမီးယားလိဂ် အဝေးကွင်း ၁၄ ပွဲဆက်တိုက်လည်း နိုင်ပွဲရရှိထားတာပါ။
အဲဗာတန်နဲပွဲစဉ်မှာဆိုရင် ပွဲထွက်ကစားသမားစာရင်းကို ၉ ဦးအထိ အပြောင်းအလဲ လုပ်ခဲ့ပေမယ့် ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပွဲ ထပ်ရခဲ့ပါတယ်။
ကစားသမားသစ်ခေါ်ယူတာက အသင်းကို တိုးတက်မှုတွေရှိလာနိုင်ပြီး အမှန်တကယ် အသုံးတည့်ပြီး အံဝင်နိုင်မယ့် ကစားသမားရှိရင်တော့ ခေါ်ယူသင့်တယ်လို့ နဗီးလ်က ယူနိုက်တက်အသင်းကို အကြံပေးခဲ့ပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေမှာ ကောင်းမွန်တဲ့ ခေါ်ယူမှုတချို့ လုပ်နိုင်ခဲ့တာကြောင့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အလောတကြီး ခေါ်ယူဖို့ မလိုအပ်ကြောင်း နောက်ခံလူဟောင်း နဗီးလ်က သုံးသပ်သွားခဲ့ပါတယ်။
2 months Ago