လီဗာပူးအသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို မေ့ပစ်ပြီး ပရီးမီးယားလိဂ်ကိုပဲ အာရုံစိုက်ကစားဖို့ မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်က တိုက်တွန်းလိုက်ပါတယ်။
လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပထမအကျော့မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဂိုးမရှိသရေကျထားပြီး ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် မတ်လ ၁၄ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲအပေါ် စိတ်ကူးယဉ်နေရင် ရူးသွပ်သွားနိုင်ပြီး ပရီးမီးယားလိဂ်ကိုပဲ အင်ပြည့်အားပြည့် အာရုံစိုက်သင့်တယ်လို့ နဗီးလ်က တိုက်တွန်းလိုက်တာပါ။
ဘိုင်ယန်နဲ့ ဒုတိယအကျော့ပွဲစဉ်ကို ဘယ်သူကမှ ရှုံးအောင်ကစားမှာ မဟုတ်တာ သေချာပေမယ့်လည်း အဲဒီပွဲစဉ်ကို မေ့ထားလိုက်တာက အသင်းအတွက် အားသာချက် ဖြစ်စေလိမ့်မယ်လို့ နဗီးလ်က ပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အက်ဖ်အေဖလား ဆက်ကစားရဖို့ ရှိသေးတာကြောင့် ပရီးမီးယားလိဂ်ပွဲတွေကို ရက်ရွှေ့ရဖို့ရှိပါတယ်။
အဲဒီအချိန်မှာ လီဗာပူးက နိုင်ပွဲတွေရခဲ့ရင် ပွဲပိုကစားပြီး အမှတ်ဖြတ်ထားနိုင်မယ့် အခြေအနေကလည်း လီဗာပူးအသင်းအတွက် အားသာချက်ဖြစ်နိုင်တယ်လို့ နဗီးလ်က သုံးသပ်သွားပါတယ်။
4 years Ago