နပိုလီယံ

October 20, 2020

နပိုလီယံအကြောင်းရုပ်ရှင်-“Kitbag” တွင် ဂျိုကာမင်းသား ဝါ့ခင်းဖီးနစ်စ် ပါဝင်သရုပ်ဆောင်မည်

သမိုင်းမှာ ထင်ရှားတဲ့ စစ်ဘုရင် နပိုလီယံအကြောင်းရုပ်ရှင်-“Kitbag” ထဲမှာ နာမည်ကြီး Joker ရုပ်ရှင်စတား ဝါ့ခင်းဖီးနစ်စ်က ပါဝင်သရုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ ရာဇဝင်သမိုင်းနောက်ခံ ဒရာမာကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကိုတော့ Alien (1979) ၊ Blade Runner (1982)၊ Thelma & Louise (1991)၊ Gladiator (2000)၊ Black Hawk Down (2001)၊ The Martian (2015) စတဲ့ ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် ရွှေကမ္ဘာလုံးဆုအပါအဝင် ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီး ရရှိထားခဲ့တဲ့ ဝါရင့်ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ ရစ်ဒ်လေစကော့ထ်က ရိုက်ကူးပုံဖော်သွားမှာ ဖြစ်ပါတယ်။ စကော့ထ်နဲ့ ဖီးနစ်စ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ထွက် ရုပ်ရှင်ကား “Gladiator” မှာ အတူဆုံခဲ့ကြဖူးပြီး ခုတခါ “Kitbag” ရုပ်ရှင်ကတော့ နှစ်ပေါင်း ၂၀ အကြာမှာ ထပ်မံပြီးတော့ ပူးပေါင်းလုပ်ဆောင်မှု ဖြစ်လာခဲ့တာပါ။ ဝါ့ခင်းဖီးနစ်ကတော့ အမေရိကန်ဒါရိုက်တာ တော့ဒ်ဖီးလစ် ရိုက်ကူးထားပြီး လူ့အသိုင်းအဝိုင်းက လျစ်လျူရှုခံခဲ့ရတဲ့ ဟာသသရုပ်ဆောင်တယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲကို ရိုက်ကူးထားတာတဲ့ ‘Joker’ ရုပ်ရှင်ဇာတ်ကားနဲ့ အော်စကာဆုအပါအဝင် ရုပ်ရှင်ထူးချွန်ဆုပေါင်းများစွာ ဆွတ်ခူးရရှိခဲ့သူ ဖြစ်တာမို့ ခုတခါမှာရော နပိုလီယံအနေနဲ့ ပိုင်နိုင်တဲ့ ဇာတ်ရုပ်နေရာမှာ ထပ်မံမြင်တွေ့ရဦးမလားဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ “Kitbag” ရုပ်ရှင်ထဲမှာတော့ စစ်ဘုရင် နပိုလီယံရဲ့ စွန့်စားမှုတိုက်ပွဲတွေ၊ ဇနီးဖြစ်တဲ့ ဂျိုဇဖင်းတို့ကြားက အချစ်ရေးတွေနဲ့ ဇာတ်ညွှန်းပိုင်းကို The Last Castle၊  All the Money in the World စတဲ့ နာမည်ကျော်ရုပ်ရှင်တွေရဲ့ ဇာတ်ညွှန်းရေးဆရာ David Scarpa က တာဝန်ယူထားပြီး လာမယ့် ၂၀၂၁ ခုနှစ်ထဲမှာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
1 year Ago
Up