နပန်းသမား

August 5, 2019

နာမည်ကြီး နပန်းကစားသမား The Rock အနားယူကြောင်း ကြေညာ

WWE နပန်းပြိုင်ပွဲရဲ့ နာမည်ကြီးတယောက်ဖြစ်တဲ့ The Rock ဟာ နပန်းကစားသမား ဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။ စမတ်ဒေါင်းပြိုင်ပွဲ လူသိများ အောင်မြင်ခဲ့ချိန်မှာ ပရိသတ်အသည်းစွဲ ကစားသမားဖြစ်ခဲ့တဲ့ The Rock ဟာ အနားယူခဲ့ပေမယ့်လည်း WWE ပွဲတွေကို သံယောဇဉ်မကုန်သေးတဲ့ ပုံစံ ဖြစ်နေပြီး စိတ်ပြောင်းချိန်မှာ ပြန်ကစားမယ့် အခြေအနေ ရှိနေပါတယ်။ အသက် ၄၇ နှစ်အရွယ် ဟောလိဝုဒ် စူပါစတားတဦးလည်းဖြစ်တဲ့ ဒဝိန်းဂျွန်ဆင်အမည်ရ The Rock ဟာ ဖို့ဘ်စ်မဂ္ဂဇင်းက ရွေးချယ်ပေးခဲ့တဲ့ ဟောလိဝုဒ်သရုပ်ဆောင်ကြေး အမြင့်ဆုံးရရှိသူစာရင်းမှာ ပေါင် ၁၂၄ သန်းနဲ့ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ လက်ရှိမှာတော့ ဒဝိန်းဂျွန်ဆင်ဟာ Fast and furious ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်ကားဖြစ်တဲ့ Hobbs and shaw ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ နပန်းထက် သရုပ်ဆောင်ပိုင်းကို ပိုအားသာလာတဲ့ သူ့အနေနဲ့ မကြာခဏ ဟောလိဝုဒ်ရဲ့ ဂုဏ်ပြုခံရသူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် မကြာခင် ဟောလိဝုဒ်ရဲ့ Hall Of Fame လမ်းမထက်မှာ ဖော်ပြခံရဖို့ နီးစပ်နေပါတယ်။
Zawgyi Version နာမည္ႀကီး နပန္းကစားသမား The Rock အနားယူေၾကာင္း ေၾကညာ DVB WWE နပန္းၿပိဳင္ပြဲရဲ႕ နာမည္ႀကီးတေယာက္ျဖစ္တဲ့ The Rock ဟာ နပန္းကစားသမား ဘဝကေန အနားယူလိုက္ၿပီျဖစ္ေၾကာင္း တရားဝင္ေၾကညာလိုက္ပါတယ္။ စမတ္ေဒါင္းၿပိဳင္ပြဲ လူသိမ်ား ေအာင္ျမင္ခဲ့ခ်ိန္မွာ ပရိသတ္အသည္းစြဲ ကစားသမားျဖစ္ခဲ့တဲ့ The Rock ဟာ အနားယူခဲ့ေပမယ့္လည္း WWE ပြဲေတြကို သံေယာဇဥ္မကုန္ေသးတဲ့ ပုံစံ ျဖစ္ေနၿပီး စိတ္ေျပာင္းခ်ိန္မွာ ျပန္ကစားမယ့္ အေျခအေန ရွိေနပါတယ္။ အသက္ ၄၇ ႏွစ္အ႐ြယ္ ေဟာလိဝုဒ္ စူပါစတားတဦးလည္းျဖစ္တဲ့ ဒဝိန္းဂြၽန္ဆင္အမည္ရ The Rock ဟာ ဖို႔ဘ္စ္မဂၢဇင္းက ေ႐ြးခ်ယ္ေပးခဲ့တဲ့ ေဟာလိဝုဒ္သ႐ုပ္ေဆာင္ေၾကး အျမင့္ဆုံးရရွိသူစာရင္းမွာ ေပါင္ ၁၂၄ သန္းနဲ႔ ထိပ္ဆုံးက ရပ္တည္ေနပါတယ္။ လက္ရွိမွာေတာ့ ဒဝိန္းဂြၽန္ဆင္ဟာ Fast and furious ႐ုပ္ရွင္ရဲ႕ ေနာက္ဆက္တြဲ ဇာတ္ကားျဖစ္တဲ့ Hobbs and shaw ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ နပန္းထက္ သ႐ုပ္ေဆာင္ပိုင္းကို ပိုအားသာလာတဲ့ သူ႔အေနနဲ႔ မၾကာခဏ ေဟာလိဝုဒ္ရဲ႕ ဂုဏ္ျပဳခံရသူစာရင္းမွာ ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ မၾကာခင္ ေဟာလိဝုဒ္ရဲ႕ Hall Of Fame လမ္းမထက္မွာ ေဖာ္ျပခံရဖို႔ နီးစပ္ေနပါတယ္။
2 years Ago
Up