နန်စီပွန်ဒေသတိုက်ပွဲ

May 22, 2021

နန်စီပွန်ဒေသတိုက်ပွဲ ဒုရဲအုပ်အမျိုးသမီးအပါဝင် ၉ ဦး ဖမ်းခံရ

စစ်ကိုင်းတိုင်း ခန္တီးမြို့ နန်စီပွန်ဒေသမှာ ဒီမနက် ၄ နာရီခွဲလောက်မှာဖြစ်ပွားခဲ့တဲ့  ကေအိုင်အေတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲမှာ  ဒုရဲအုပ်အမျိုးသမီးပါအဝင် ၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  မေ ၂၂ မနက်အစောပိုင်းမှာ  ဦးပိုင်ကုမ္ပဏီအပါအဝင် ရဲစခန်းတွေနဲ့ တပ်စခန်းတွေကို KIA က ဝင်တိုက်ရာမှာ ဒုရဲအုပ်နဲ့ရဲအုပ်မိန်းမတွေ၊ တခြားအဆင့်တွေ ဖမ်းခံရတာပါ။

​ “နန်စီပွန်မှာရှိတဲ့ ရဲစခန်းတွေ မီးရှို့ခံရတယ်။ ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရတယ်။ ဒုရဲအုပ်မိန်းမ အပါ ၉ ဦးကို  ဖမ်းခေါ်သွားတယ်။ တိုက်လေယာဉ်ရောက်လာပြီး ဗုံးကြဲတယ်။  အခုတော့ တိုက်ပွဲငြိမ်သွားပြီ  ပြည်သူတွေတော့ ထိခိုက်တာ မရှိဘူး”လို့ ဒေသတစ်ဦးက ပြောပါတယ်

ခန္တီးမြို့ နန်စီပွန်ဒေသမှာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်နေပြီး ကျန်တဲ့ကျောက်စိမ်းလုပ်တဲ့ ကုမ္ပဏီတွေ ၁၀၀ လောက်ရှိနေပါတယ်။ 

တိုက်ပွဲဖြစ်တဲ့ နန်စီပွန်ဒေသဟာ ခန္တီးနဲ့ မိုင် ၃၀ လောက်သာ ကွာဝေးတဲ့အတွက် ခန္တီးဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

7 months Ago
Up