နန်းတော်အတွင်း ထိုင်းဘုရင်အတွက် အများပြည်သူဆန္ဒပြုနိုင်

A d v e r t i s e m e n t With Us

February 18, 2016

နန်းတော်အတွင်း ထိုင်းဘုရင်အတွက် အများပြည်သူဆန္ဒပြုနိုင်

အသက်အရွယ်အိုမင်းပြီး ကျန်းမာရေးကြောင့် ဆေးရုံတက်နေတဲ့ ထိုင်းဘုရင်မင်းမြတ်အတွက် နန်းတော်တွင်းမှာ အများပြည်သူတွေ ဆုမွန်တောင်းလက်မှတ်ရေး ထိုးနိုင်ကြပြီလို့ ထိုင်းဘုရင့်မိသားစုဆိုင်ရာဗျူရိုကကြေညာပါတယ်။ ထိုင်းဘုရင်မင်းမြတ်အတွက် နန်းတော်တွင်းက Sala Sahathai Samakom ခန်းမမှာ ပထမဆုံးအကြိမ် ဆန္ဒပြုနိုင်ဖို့ စီစဉ်ပေးတာလို့ ဒီကနေ့ ထိုင်း PBS သတင်းမှာ ဖော်ပြပါတယ်။ ဒီခန်းမကို မနက် ၈ နာရီခွဲကနေ ညနေ လေးနာရီခွဲထိ နေ့စဉ်ဖွင့်လှစ်ပေးသွားမယ်လို့ ဗျူရိုက ပြောပါတယ်။ ခန်းမတွင်းမှာ အခန်း ၂ ခန်း ဖွဲ့ထားတဲ့အနက် ပထမအခန်းမှာ အစိုးရ အဆင့်မြင့်အရာရှိတွေနဲ့ သီးသန့်အစုအဖွဲ့တွေအတွက်ဖြစ်ပြီး ကျန်အခန်းမှာတော့ အများပြည်သူ လက်မှတ်ရေးထိုးနိုင်မှာဖြစ်ပါတယ်။ ဆန္ဒပြုလက်မှတ်ရေးထိုးဖို့ လာရောက်ကြသူတွေအနေနဲ့ လျော်ကန်သင့်မြတ် ယဉ်ကျေးတဲ့ အ၀တ်အစားတွေ ၀တ်လာကြဖို့ ဗျူရိုက မေတ္တာရပ်ခံထားပါတယ်။ မနေ့က ခန်းမကို စတင်ဖွင့်လှစ်ရာမှာ ဒုတိယ၀န်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနဲ့ တပ်မတော်အကြီးအကဲ နဲ့ စစ်ဘက်အရာရှိတွေ တက်ရောက်လက်မှတ်ရေးထိုးကြပါတယ်။ ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်) ဟာ  ၁၉၂၇ ခု၊ ဒီဇင်ဘာလ ၅ ရက်နေ့မှာမွေး ဖွားခဲ့ပြီး နောင်တော်ဘုရင်ရုတ်တရက်နတ်ရွာစံတဲ့အခါ အရိုက်အရာကို ၁၉၄၆ ခု၊ ဇွန်လ ၉ ရက်မှာ ဆက်ခံရာက  ယနေ့ထက်တိုင် စိုးစံနေပါတယ်။ ၁၉၅၀ ပြည့်နစ်၊ ဧပြီလ ၂၈ ရက်နေ့မှာ သီရိခေတ်မင်းသမီးနဲ့ စုလျားရစ်ပတ် လက်ထပ်ထိမ်းမြားခဲ့ပါတယ်။
5 years Ago
Up