နန်းဖာလုံဈေး

December 22, 2018

နန်းဖာလုံဈေးတွင် အိန္ဒိယမှ လျှပ်စစ်မီး တဆင့်ခံဝယ်သုံးနေရ၍ အခက်အခဲကြုံတွေ့

အိန္ဒိယ-မြန်​မာ နယ်​စပ်​​ဈေးဖြစ်​တဲ့ နန်းဖာလုံ​ဈေးကြီးမှာ လျှပ်စစ်မီးကို အိန္ဒိယနိုင်ငံကနေ တဆင့်ခံဝယ်ယူသုံးစွဲနေရလို့ ဈေးသူသားတွေ အခက်အခဲ ကြုံနေရပါတယ်။ အရင်က ​နန်းဖာလုံ​ဈေးမှာ ဈေးပိုင်​မီစက်​ကြီးနဲ့ သုံးစွဲချိန်​မှာ ​ဈေး​ကော်မတီရန်​ပုံ​ငွေ အမြတ်​ရပြီး  ဈေးအတွင်းအကြိုးပြုလုပ်​ငန်းတွေကို ​ထောက်​ပံ့နိုင်​ခဲ့ပေမယ့် အခု အိန္ဒိယက ပေး​တဲ့ မီးကို မီးလင်း​ရေး​ကောမတီမှတ​ဆင့် ဝယ်​ယူအသုံးပြုနေရလို့ အခက်အခဲ ကြုံနေကြရတာပါ။ အခုလို ၀ယ်သုံးနေရတာကြောင့် ဈေး​ကော်မတီရန်​ပုံ​ငွေထဲမှ ၁ ​လ ၉ သိန်းနီးပါး စိုက်​ထုတ်​​နေရပြီး ဈေးအတွင်း အကျိုးပြုလုပ်​ငန်းတွေ လုပ်​နိုင်​​တော့မှာမဟုတ်ဘဲ မီးပါဖြတ်​​သောက်​မယ့် အ​ခြေအ​နေဖြစ်​​နေတယ်​လို့ နန်းဖာလုံ​ဈေးဥက္ကဋ္ဌ ဦးခင်​​မောင်​ချိုက​ ပြောပါတယ်​။ “မီတာ​ဈေးတက်​ဖို့မရှိပါဘူး။ အိန္ဒိယက တယူနှစ် ​6.40 Rs နဲ့ ဝယ်​ယူပြီး မြို့တွင်းမှာ ၁ ​ယူနှစ်​ကို မြန်​​ငွေကျပ်​ ၂၀၀ နဲ့ ​ရောင်းချပြီး နန်းဖာလုံ​ဈေမှာတော့ ၂၄၀ နဲ့ ​ရောင်းချထားပါတယ်​။ ​ဈေးအတွင်း မီတာအ​လေအလွင့်များရှိ​နေပြီး မိမိတို့ဘက်​မှ အခုထက်​တိုး​တောင်းယူခြင်းမရှိဘူး” လို့ မီးလင်း​ရေ​ကောမတီဥက္ကဋ္ဌ ဦးသာခင်​က ​ပြောပါတယ်​။ လွှတ်​​တော်​ကိုစားလှယ်​ ဦးမြင့်နိုင်​ဦးက မီတာအ​လေအလွင့် မရှိ​စေဖို့ ​တမူးမြို့ လျှပ်စစ်​အင်​ဂျင်​နီယာတွေနဲ့ တိုင်​ပင်​ပြီး ​ဈေးအတွင်း သွားရောက်​စစ်​​ဆေးမယ်​လို့ ​ပြောပါတယ်​။
3 years Ago

December 10, 2018

နန်းဖာလုံဈေး ဒီဇင်ဘာအတွင်း အရောင်းအ၀ယ်ကောင်း (ရုပ်သံ)

မြန်​မာ-အိန္ဒိယနယ်စပ်ရှိ နန်းဖာလုံဈေး ဒီဇင်ဘာလအတွင်း အရောင်းအဝယ်အားကောင်း နေတယ်လို့ နန်းဖာလုံ​ဈေးရောင်းချသူတွေက ပြောပါတယ်​။ နန်းဖာလုံ​ဈေးမှာ ဈေးရောင်းချသူ ဦး​ကျော်​စိုးက “ဒီဇင်​ဘာလက​တော့ ​ဆောင်းရာသီလည်းဖြစ်​ ခရစ္စမက်​ကာလလည်းဖြစ်​ပြီး အဝတ်​အထည်​နဲ့စောင်​ အ​နွေးထည်​ အဝတ်​အစား ဖိနပ်​များ​ရောင်းရမှုပိုများတယ်​။ ဖိနပ်​တန်း​တော့ လူတိုး မ​ပေါက်​ဘူး" လို့​ပြောပါတယ်​။ ဒါ့အပြင့် အိန္ဒိယငွေးကြေးဖြစ်တဲ့ ရူပီးငွေတန်ဖိုးမှာလည်း ကျဆင်းနေရာမှ ပြန်လည် မြင့်တက်လာကြောင်းလည်း သိရတယ်လို့ နန်းဖာလုံ​ဈေး​ရောင်းချသူ ​ဒေါ်နီလာက ပြောပါတယ်။ “ရူပီးငွေဈေးလည်း အရင်​ရက်​ပိုင်းက ၁၀ ရူပီးကို မြန်မာငွေကျပ် ၁၉ဝ အထိ ကျလိုက်​ပြီး အခုရက်​ပိုင်းအတွင်း​ ၁၀ ရူပီးကို မြန်မာငွေကျပ် ၁၂၀ ကျော်​ထိပြန်​တက်​လာလို့ ​ဈေးရောင်းသူ အ​နေနဲ့လည်း ​ရောင်းတွက်​ကိုက်​တယ်​လို့ ပြောပါတယ်။ နန်​ဖာလုံး​ဈေးက ပစ္စည်းအ​ရေအတွက်​ များများ​ရောင်းရမှသာ အမြတ်ရတယ်​ ဆိုင်​တိုင်းကလည်း တရုတ်​ပြည်​ထိ ပစ္စည်း​တွေကို တိုက်​ရိုက်​မှာလို့ ​ဈေးနှုန်းကအရမ်းတင်​လို့ မရဘူး။ အများနည်းတူ အိန္ဒိရူးပီ ၁၀ ​လောက်​သာ အမြတ်​ရလို့ အခုလို အချိန်​​ငွေ​ဈေးတက်​မှအမြတ်​ကျန်​တယ်​။”
3 years Ago
More News
Up