နန္ဒာရွှေရည်ဝင်း

A d v e r t i s e m e n t With Us

March 23, 2020

“မုန်းတယ်အချစ်အတု”သီချင်းဖြင့် အစွမ်းပြခဲ့သည့် ရွှေမိုက်ခဲလေး-နန္ဒာရွှေရည်ဝင်း(ရုပ်သံ)

       “အကြင်နာနဲ့အစပြုလို့… ရင်ခွင်ကို ပိုင်စိုးထားတဲ့သူ… တွယ်ငြိခဲ့နှလုံးသားနှစ်ခု… ယုံကြည်တယ်ရင်မှာ… အကြင်နာအစစ်… နယ်ကျွံခဲ့အတွေးလေးများစွာထဲ… တခါတ လေ… လိုတာထက်ပေးဆပ်မိတယ်… မျှော်လင့်ခဲ့အဆုံးရက်လေး… ဘယ်အငြိုးကြောင့် ရပ်တန့်သွား”        ဒါကတော့ တေးသံရှင် ကောင်းကောင်းရေးစပ်ပေးထားခဲ့ပြီး အိုင်ရင်းဇင်မာမြင့် သီ ဆိုခဲ့တဲ့ “မုန်းတယ်အချစ်အတု’အမည်ရတဲ့ သီချင်းတပုဒ်ထဲက တေးသွားစာသားတွေ ဖြစ် ပါတယ်။ ခုတခါမှာတော့ ဒီသီချင်းကို ရွှေမိုက်ခဲ သီချင်းဆိုပြိုင်ပွဲဝင်တဦးဖြစ်တဲ့ နန္ဒာရွှေရည် ဝင်းရဲ့ သီဆိုမှုနဲ့အတူ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ရွှေမိုက်ခဲသီချင်းဆိုပြိုင်ပွဲဟာ ရွက်ပုန်းသီး အဆိုဝါသနာရှင်တွေကို မြေတောင် မြှောက်ပေးဖို့အတွက် အွန်လိုင်းမှတဆင့် လျှောက်လွှာခေါ်ယူပြီး ယှဉ်ပြိုင်စေတဲ့ ပြိုင်ပွဲ တခု ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာတော့ တေးရေး မြင့်မိုးအောင် ၊ လီယိုနာဒ်မောင်မောင်လွင် ၊ ဝေကြီး ၊ အဆိုတော် ရေဗက္ကာဝင်းနဲ့ ဂျူဝယ်လ်တို့က ဒိုင်တွေအနေနဲ့ အကဲဖြတ် အမှတ်ပေးနေကြ တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆင့်ဆင့်ရွေးချယ်မှုတွေနဲ့ ရွှေမိုက်ခဲသီချင်းဆိုပြိုင်ပွဲရဲ့ Semi Final အဆင့် ပြိုင်ပွဲဝင် ၁၂ ဦးဆက်လက်ယှဉ်ပြိုင်နေကြပြီး နန္ဒာရွှေရည်ဝင်းကတော့ သူ တို့ထဲက တယောက်ဖြစ်ပါတယ်။ “ကြိုတင်မထားခဲ့… ယုံကြည်တာအမှားကြီးမှားနေပြီ… တခါတလေ လွမ်းမိသေး ရင်တောင်… နာကျင်စရာအစားထိုးလိုက်ပါပြီ… သံယောဇဉ်အငွေ့အသက်… ရင်မှာမ ကျန်အောင် မောင်းထုတ်လိုက်ပါပြီ… မလွမ်းဘူး… သေအောင်မုန်းနေပြီ… အချစ်အတု” ဒဂုံတက္ကသိုလ်မှာ အင်္ဂလိပ်စာအထူးပြုနဲ့ ဒုတိယနှစ်တက်ရောက်နေပြီး အသက် ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ နန္ဒာရွှေရည်ဝင်းဟာ ကလေးအရွယ်တည်းက တခြားသီချင်း ဆိုပြိုင်ပွဲတွေမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။        လတ်တလောမှာတော့ သူ့ရဲ့ အသံနဲ့ လိုက်ဖက်တဲ့ “မုန်းတယ်အချစ်အတု”သီချင်း နဲ့ နောက်တဆင့်ကို တက်ရောက်သွားနိုင်မလားဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရ မှာပဲ ဖြစ်ပါတယ်။
11 months Ago
Up