၂၀၁၉ ခုနှစ် ယူအက်စ် အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ စပိန် တင်းနစ်အကျော်အမော် ရာဖေးလ်နဒါးလ် ဗိုလ်စွဲနိုင်ခဲ့ပြီး စံချိန်သစ်တွေ ထပ်တင်နိုင်ခဲ့ပါတယ်။
နဒါးလ်ဟာ ၂၀၁၀၊ ၂၀၁၃၊ ၂၀၁၇ တို့မှာ ဗိုလ်စွဲထားပြီး အခုတကြိမ်နဲ့ဆို ၄ ကြိမ် မြောက် ဗိုလ်စွဲခဲ့တာဖြစ်လို့ ယူအက်စ်အိုးပင်းရဲ့ ဖလားအများဆုံး ရရှိထားတဲ့ ကစားသမား ၅ ဦး စာရင်းမှာလည်း ပါလာခဲ့ပါတယ်။
ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာ ဖက်ဒါရာကတော့ ယူအက်စ်အိုးပင်းမှာ ၅ ကြိမ်အထိ အောင်ပွဲခံထားပါတယ်။
ဒါ့အပြင် စပိန်အနေနဲ့ ဖက်ဒါရာရဲ့ ဂရင်းဆလင်း ဆုဖလားအကြိမ် ၂၀ အထိ ရရှိထားခဲ့တဲ့ စံချိန်ကို လိုက်မီဖို့ ဆုဖလားတလုံးသာ လိုအပ်ပါတယ်။
ဗိုလ်လုပွဲမှာတော့ နဒါးလ်ဟာ ရုရှားက မက်ဗီဒက်ဗ်ကို ၅-၇၊ ၃-၆၊ ၇-၅၊ ၆-၄၊ ၄-၆ နဲ့ ခက်ခက်ခဲခဲ ကစားခဲ့ရပြီးတော့ ပြိုင်ဘက် ကစားသမားဆီက သင်ယူစရာတွေ မြင်တွေ့ခဲ့ရတယ်လို့ ပြောကြားသွားခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ယူအက္စ္ အိုးပင္းတင္းနစ္ၿပိဳင္ပြဲတြင္ နဒါးလ္ ဗိုလ္စြဲ
၂၀၁၉ ခုႏွစ္ ယူအက္စ္ အိုးပင္းတင္းနစ္ၿပိဳင္ပြဲမွာ စပိန္ တင္းနစ္အေက်ာ္အေမာ္ ရာေဖးလ္နဒါးလ္ ဗိုလ္စြဲႏိုင္ခဲ့ၿပီး စံခ်ိန္သစ္ေတြ ထပ္တင္ႏိုင္ခဲ့ပါတယ္။
နဒါးလ္ဟာ ၂၀၁၀၊ ၂၀၁၃၊ ၂၀၁၇ တို႔မွာ ဗိုလ္စြဲထားၿပီး အခုတႀကိမ္နဲ႔ဆို ၄ ႀကိမ္ ေျမာက္ ဗိုလ္စြဲခဲ့တာျဖစ္လို႔ ယူအက္စ္အိုးပင္းရဲ႕ ဖလားအမ်ားဆုံး ရရွိထားတဲ့ ကစားသမား ၅ ဦး စာရင္းမွာလည္း ပါလာခဲ့ပါတယ္။
ဆြစ္ဇာလန္တင္းနစ္သမား ေရာ္ဂ်ာ ဖက္ဒါရာကေတာ့ ယူအက္စ္အိုးပင္းမွာ ၅ ႀကိမ္အထိ ေအာင္ပြဲခံထားပါတယ္။
ဒါ့အျပင္ စပိန္အေနနဲ႔ ဖက္ဒါရာရဲ႕ ဂရင္းဆလင္း ဆုဖလားအႀကိမ္ ၂၀ အထိ ရရွိထားခဲ့တဲ့ စံခ်ိန္ကို လိုက္မီဖို႔ ဆုဖလားတလုံးသာ လိုအပ္ပါတယ္။
ဗိုလ္လုပြဲမွာေတာ့ နဒါးလ္ဟာ ႐ုရွားက မက္ဗီဒက္ဗ္ကို ၅-၇၊ ၃-၆၊ ၇-၅၊ ၆-၄၊ ၄-၆ နဲ႔ ခက္ခက္ခဲခဲ ကစားခဲ့ရၿပီးေတာ့ ၿပိဳင္ဘက္ ကစားသမားဆီက သင္ယူစရာေတြ ျမင္ေတြ႕ခဲ့ရတယ္လို႔ ေျပာၾကားသြားခဲ့ပါတယ္။
2 years Ago