နတ်တလင်းပြည်သူ့ဆေးရုံ

July 24, 2021

နတ်တလင်းပြည်သူ့ဆေးရုံ လူနာသစ်လက်ခံမှု ယာယီရပ်ဆိုင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ပြည်သူ့ဆေးရုံက ကျန်းမာရေးဝန်ထမ်းအချို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရလို့ ဒီကနေ့ကစပြီး သြဂုတ် ၃ ရက်နေ့အထိ လူနာသစ်လက်ခံမူကို ယာယီရပ်ဆိုင်းထားတယ်လို့ သိပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံရတဲ့အတွက် လူနာသစ်ထိန်းတဲ့အနေနဲ့ ယာယီ ရပ်ဆိုင်းထားတာလို့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။

“ဆေးရုံကို လုံးဝပိတ်တာတော့မဟုတ်ဘူး၊ ကျန်းမာရေးဝန်ထမ်း ဆရာမတွေပါ ရောဂါပိုးကူးစက်ခံနေရတော့ လူနာသစ် ဖျားတာနာတာ ဗိုက်အောင့်တာ အဲဒီလိုလူနာသစ်ကို လက်မခံတာပါ။ အထဲမှာတော့ မီးဖွားလူနာတို့ ဘာတို့ရောက်လက်စ လူတွေကိုတော့ ကြည့်ပေးနေပါတယ်။” 

နတ်တလင်းဆေးရုံမှာ အထွေထွေရောဂါနဲ့ တက်ရောက်ကုသနေသူတွေအပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေလည်းရှိပြီး မြို့နယ်တဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၆၀၀ နီးပါးရှိပြီလို့ သိရပါတယ်။

4 months Ago
Up