နတ်ကန်ရွာ

June 17, 2021

မကွေးမြို့နယ် နတ်ကန်ရွာသား ၁ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး

မကွေးမြို့နယ်၊ နတ်ကန်ကျေးရွာက ပြည်သူတစ်ယောက်ကို ဇွန်လ ၁၇ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက  ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နတ်ကန်​ကျေးရွာက ​​ဝပ်ရှော့လုပ်ငန်းလုပ်တဲ့ ကိုကျော်​ဇေယျ (ခ) ​မောင်​ကျော်ကို ဒလန်တွေက လက်နက်ရှိတယ်ဆိုပြီး  သတင်းပေးလိုက်တာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက် ဖမ်းဆီးသွားတာလို့ နတ်ကန်ရွာသားတစ်ယောက်က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေဟာ စစ်ကား ၁ စီး၊ ရဲကား ၁ စီး ၊ အင်အား ၂၀ ​လောက်နဲ့  နတ်ကန်ရွာကိုလာရောက်ပြီး  ကိုကျော်​ဇေယျ  နေအိမ်ကို ဝင်ရောက်ဖမ်း ဆီးသွား​တာလို့ ဆိုပါတယ်။

ဒါအပြင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့တွေဟာ နတ်ကန်ကျေးရွာမှာရှိတဲ့ နေအိမ် ၄ အိမ်လောက်ကိုလည်း မွှေနှောက်ရှာဖွေသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

7 months Ago
Up