နတ်မောက်

May 10, 2019

ဗိုလ်ချုပ်မိဘများ တည်ထားသည့် စေတီသုံးဆူကို ဒေါ်အောင်ဆန်းစုကြည် ဖူးမြော်ကြည်ညို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက နတ်မောက်မြို့၊ ဒီပင်္ကရာကျောင်းတိုက် အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘိုးဘွားမိဘများ တည်ထားကိုးကွယ်ခဲ့တဲ့ သစ္စာအောင်၊ မေတ္တာအောင်နဲ့ ပညာအောင် စေတီတော်မြတ် သုံးဆူကို  ဖူးမြော်ကြည်ညိုခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
3 years Ago

October 26, 2018

ခရိုင်ဆက်လမ်းဖောက်မှုကြောင့် နစ်နာမည့် တောင်​သူများ နတ်မောက်မြို့တွင်ဆန္ဒ​ပြ

မ​ကွေးခရိုင်​နဲ့ ရမည်းသင်းခရိုင်​ ခရိုင်​ချင်းဆက်​ လမ်း​ဖောက်​လုပ်​တာနဲ့ ပတ်​သက်လို့ မကျေနပ်တဲ့အတွက်  အောက်​တိုဘာ ၂၅ ရက်​​ မနက်က ​နတ်​​မောက်​မြို့နယ်​ရှိ ဒေသခံ​တောင်​သူ ၁၀၀ လောက်က ဆန္ဒ​ပြခဲ့ကြပါတယ်။ လမ်းဖောက်လုပ်ရာမှာ တောင်သူတွေလုပ်ကိုင်စားသောက်နေတဲ့လယ်ယာမြေတွေ ဆုံးရှုံးနစ်နာမှုရှိနိုင်လို့ ဆန္ဒပြကြတာလည်းဖြစ်ပါတယ်။ သပွတ်​ပင်​ရွာ ​ဒေသခံ​တောင်​သူ ဦးစိုးမြင့်က "လမ်း​ဖောက်​မယ်​ဆိုရင်​ ယာ​မြေ တစ်​​ဧက​လောက်​ဆုံးရှုံးမှာဖြစ်​ပြီး ​တောင်​သူ​တွေ လှူဒါန်းထားတဲ့ ရွာ​မြောက်​ဘက်​ကပဲ လမ်း​ဖောက်​​ စေချင်​တယ်​။ လမ်းကြံ့ခိုင်​မှုကလည်း ​မြောက်​ဘက်​က ပို​ကောင်းပြီး ​တောင်​ဘက်​ခြမ်းက လယ်​သမား​တွေ ပိုမိုဆုံးရှုံးနစ်​နာမှာပါ။ လယ်​ယာ​မြေပိုင်​ဆိုင်​မှု ပုံစံ(၇)​တွေ လည်းရှိပါတယ်​။ ​ဒေသဖွံ့ဖြိုး​ရေးလမ်းဖြစ်​တဲ့အတွက်​​ လျော်​​ကြေးမရရှိဘူးလို့"​ပြောပါတယ်​။ သပွတ်​ပင်း​ကျေးရွာ​ တောင်​သူ​တွေဟာ ရွာရဲ့​​တောင်​ဘက်​ခြမ်းက ယခင်​မီးရထားလမ်း ​ဖောက်​စဉ်​ကလည်း ​မြေယာ​တွေ ဆုံးရှုံးခဲ့တဲ့အတွက်​ လှူဒါန်းမှုများတဲ့ ​ကျေးရွာ​မြောက်​ဘက်​က လမ်း​ဖောက်​​ပေးဖို့ ​တောင်းဆိုတာဖြစ်ပြီး လှူဒါန်းမှုများပြားတဲ့ သပွတ်​ပင်​​ကျေးရွာ ​မြောက်​ဘက်​ကပဲ လမ်း​ဖောက်​​ပေး​စေချင်​တယ်​လို့ လူ့အခွင့်​​ရေးလှုပ်​ရှားသူ နတ်​​မောက်​မြို့ခံ ဦ​ဇော်​ဝင်း ကပြောပါတယ်။ နတ်​​မောက်​မြို့နယ်​ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​အောင်​တင်​လင်းကတော့  တိုင်းအစိုးရရဲ့ အစီအစဉ်နဲ့ တစ်​ရွာလုံးမှာ မဲ​ခွဲဆုံးဖြတ်ပြီး အများစုရဲ့ ဆန္ဒအရ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။ "ဒီလမ်းကို လွှတ်​​တော်​စပြီးတင်​ကတည်းက ​တောင်​ဘက်​ကတင်​တာပါ။ မ​ကွေးတိုင်း​ဒေသကြီး လူမှု​ရေးဝန်​ကြီး ​ဒေါက်​တာခင်​​မောင်​​အေး ဦး​ဆောင်​တဲ့အဖွဲ့က တစ်​ရွာလုံး မဲ​ခွဲပြီး ဆုံးဖြတ်​ခဲ့တာပါ။ မြေဆိုတာ နိုင်​ငံ​တော်​ကပိုင်​တာဖြစ်​ပြီး ဖွံ့ဖြိုး​ရေးလမ်းဖြစ်​လို့ ​လျော်​​ကြေးမ​ပေးပါဘူး။ အုပ်​ချုပ်​​ရေးကို ဝင်​​ရောက်​စွက်​ဖက်​တာမဟုတ်​ဘဲ ထိန်း​ကျောင်းတာ လုပ်​ခွင့်​ရှိပါတယ်​။ ဒီမိုက​ရေစီစနစ်​မှာ အများဆန္ဒကို ဦးစား​ပေးရပြီး အနည်းဆန္ဒကို လည်း ဥ​ပေက္ခာပြုလို မရဘူး။ဒီလမ်းဟာ နတ်​​မောက်​မြို့နယ်​သာမက မြို့သစ်​မြို့နယ်​ အတွက်​ပါ အကျိုးပြုလိမ့်​မယ်​" ဆန္ဒ​ဖော်​ထုတ်​ရာမှာ ဦး​ဆောင်​တဲ့ သပွတ်​ပင်​ ​ကျေးရွာက ဦးညီမြက"လွှတ်​​တော်​ အမတ်​က မလှူတဲ့​နေရာက အတင်းအဓမ္မ လမ်း​ဖောက်​ပြီး၊ လှူတဲ့​နေရာက ဖောက်​မ​ပေးတဲ့အတွက်​ ဆန္ဒ​ဖော်​ထုတ်​တာပါ။ မြောက်​ဘက်​ခြမ်းက လှည်းလမ်းက ​ဖောက်​ရမှာ ဖြစ်​တဲ့အတွက်​ ​တောင်​သူ​တွေရဲ့ ပျက်​စီးမှုနည်းပါးမှာပါ။ တောင်​ဘက်​ခြမ်းက ​တောင်​သူ​တွေ လုပ်​ကိုင်​စား​ သောက်​တဲ့ လယ်​ယာ​မြေ ဆုံးရှုံးမှုပိုများမှာပါ။ မဲခွဲတဲ့​နေရာမှာလည်း နစ်​နာမယ့် တောင်​သူ​တွေချည်း မဟုတ်​ဘဲ တစ်​ရွာလုံးကို မဲခွဲမှာဆို​တော့ မ​ကျေနပ်​သူ​တွေ ထပြန်​ပြီး​နောက်​ပိုင်း မဲခွဲဆုံးဖြတ်​ တယ်​လို့"ဆိုပါတယ်​။ ဆန္ဒ​ဖော်​ထုတ်​ပွဲမှာ ​တောင်​သူလယ်​သမား အများဆန္ဒ လိုက်​​လျော​ပေး​ရေး၊​ တောင်​သူလယ်​သမားများ မျက်​နှာမကြည့်တဲ့ လွှတ်​​တော်​ကိုယ်​စား လှယ်​(အလိုမရှိ)၊ အုပ်​ချုပ်​မှု စွက်​ဖက်​​တဲ့ လွှတ်​​တော်​ကိုယ်​စားလှယ်​ (အလိုမရှိ) စတဲ့​ကြွေး​ကြော်​သံ​တွေနဲ့ အတူ နတ်​​မောက်​မြို့ ဗိုလ်​ချုပ်​​ကြေးရုပ်​ကနေ ရန်​​အောင်​မြင်​လမ်းထိပ်​ထိ စီတန်းလှည့်လည် ဆန္ဒထုတ်​​ဖော်​ခဲ့ကြတာပါ။ သတင်း-မင်းထီး
3 years Ago
Up