နတ်ရွာစံ ထိုင်းဘုရင်ကြီး ဂါရ၀ပြုအစည်းအဝေး ကုလပြုလုပ်မည်

A d v e r t i s e m e n t With Us

February 28, 2017

နတ်ရွာစံ ထိုင်းဘုရင်ကြီး ဗိမာန်တော် ပန္နက်ချပွဲ ကျင်းပ

လာမယ့်အောက်တိုဘာလတွင်းကျင်းပမယ့် နတ်ရွာစံ နဝမမြောက် ထိုင်းဘုရင်ကြီး ဈာပနအခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပဖို့ ပြင်ဆင်နေကြရာမှာ ဗိမာန်တော် အုတ်မြစ်ချပွဲကို မနေ့မနက်က ဘန်ကောက် မြဘုရားအနီး စနမ်လုံ (ပြည်သူ့ရင်ပြင်) တောင်ဘက်မှာ အခမ်းအနားနဲ့ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ဘုရင်ကြီးဈာပနကျင်းပရေးကော်မတီ၊ အစိုးရဝန်ကြီးတွေ၊ ကြည်းရေလေတပ်ဖွဲ့ တာဝန်ရှိသူတွေ၊ ယဉ်ကျေးမှုအနုပညာဦးစီးဌာနနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ပြီး နန်းတွင်းပရောဟိတ်တွေ တွက်ချက်ပေးတဲ့ မင်္ဂလာအခါတော်အချိန် မနက် ၁၀ နာရီ ၁ မိနစ်မှာ ဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားက ဗိမာန်တော်ခေါင်တိုင်ကို ရွှေပြားကပ်ပြီး ပန္နက်ချပေးခဲ့ပါတယ်။ ပန္နက်ချစဉ် ပရောဟိတ်ဆရာတွေက နတ်ဒေဝါအပေါင်းကို ပင့်ဖိတ်ရွတ်ဖတ်သရဇ္ဈာယ်ပြီး ပန်းပေါက်ပေါက်တွေ ကြဲပက်ကာ မင်္ဂလာရေစင် ပက်ဖျန်းခြင်းတွေ ပြုလုပ်ပါတယ်။ အဲဒီနောက် ယဉ်ကျေးမှုဌာနမှ အကပဒေသာ ၉ ခုနဲ့ ပူဇော်ပြီး သံဃာတော် ၁၀ ပါးကို ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ ဘုရင်ကြီးဈာပနကို အကျယ်အဝန်း ဧက ၂၀ ရှိ မြေဧရိယာမှာ ကျင်းပမှာဖြစ်ပြီး အဲဒီမှာ ဘုံအဆင့်ဆင့် စုလစ်မွမ်းချွန်တွေပါတဲ့ ဗိမာန် ၉ ခုနဲ့ မင်းညီမင်းသား၊ ဆွေတော်မျိုးတော်နဲ့ မှူးမတ်တွေ၊ အထူးဧည့်သည်တော်တွေထိုင်ဖို့ ဇရပ်ပေါင်း ၇ ခု တည်ဆောက်မှာ ဖြစ်ပါတယ်။ ဗိမာန်နဲ့ ဇရပ်တွေကို ကျက္ကရီမင်းဆက် ရတနာကိုးဆင့်ခေတ် အနုပညာလက်ရာနဲ့ ခေတ်သစ် ပစ္စုပ္ပာန်အနုပညာလက်ရာတွေ  ပေါင်းစပ်ပုံဖော် တည်ဆောက်မယ်လို့ ဆိုပါတယ်။ ဗိမာန် ၉ ခုအနက် အလယ်ခေါင်က အမြင့်ဆုံးဗိမာန်ကို မြင့်မိုရ်တော် ပမာပြုပြီး နတ်ရွာစံဘုရင်ကြီး ရုပ်ကလာပ်ကို ထားရှိမှာဖြစ်ပါတယ်။ အရပ်လေးမျက်နှာရှိ ဗိမာန်ငယ်များကတော့ မြင့်မိုရ်တောင်ကို ဝန်းရံတဲ့ တောင်တွေကို ဥပမာပြုထားတာဖြစ်ပြီး အနော်မာရေကန်ပါ ပါရှိမယ်လို့ ဆိုပါတယ်။ ဗိမာန်တော်တွေကို စက်တင်ဘာလထဲမှာ အပြီးသတ် ဆောက်လုပ်ပြီးစီးဖို့ ရည်မှန်းထားတယ်လို့ ဗိသုကာတွေက ပြောပါတယ်။
4 years Ago

October 28, 2016

နတ်ရွာစံ ထိုင်းဘုရင်ကြီး ဂါရ၀ပြုအစည်းအဝေး ကုလပြုလုပ်မည်

နတ်ရွာစံထိုင်းဘုရင်ကြီး ဘူမိဘောအဒူလျာဒက်ဂ်ျနဲ့ သက်ဆိုင်တဲ့ ဂါရ၀ပြုအစည်း အဝေးတရပ်ကို ဒီကနေ့ညပိုင်းထိုင်းစံတော်ချိန် ၉ နာရီမှာ အမေရိကန်နိုင်ငံ၊ နယူး ယောက်မြို့၊ ကုလသမဂအဆောက်အအုံမှာ ပြုလုပ်သွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံတမန် ဗီရာချိုင် ပလာဆိုင်းက ပြောပါတယ်။ ဒီအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေ အသီးသီးက နတ်ရွာစံ ထိုင်းဘုရင်ကြီးအ တွက် ဂါရ၀ပြုမိန့်ခွန်းပြောကြားကြမှာဖြစ်ပြီး သူကတော့ အပိတ်မိန့်ခွန်းပြောကြားရမယ်လို့ ဗီရာချိုင်က ပြောပါတယ်။ ဒီအခမ်းအနားကို ကုလသမဂ္ဂရုံးချုပ်ကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာပါ။ ဘုရင်ကြီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့၊ သက်တော် ၈၉ နှစ်အရွယ် မှာ နတ်ရွာစံခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ နိုင်ငံသားတွေရော၊ နိုင်ငံတကာကပါ ပူဆွေး ၀မ်းနည်းနေခဲ့ကြတာပါ။ ထီးနန်းစိုးစံတဲ့ သက်တမ်း ၇၀ အတွင်းမှာ ပြည်သူတွေအပေါ် ကြင်နာမှုနဲ့ ဆက်ဆံ ခဲ့တဲ့အတွက် ခုချိန်ထိ နိုင်ငံရဲ့ ဖခင်ကြီးအဖြစ် ပြည်သူတွေရဲ့ ချစ်ခင်မှုကို ရနေသူဖြစ်ပါတယ်။
4 years Ago
Up