နတ်ရွာစံဘုရင်ကြီး ဈာပနပြီးနောက် ထီးနန်းလွှဲပြောင်းမည်

A d v e r t i s e m e n t With Us

October 19, 2016

နတ်ရွာစံဘုရင်ကြီး ဈာပနပြီးနောက် ထီးနန်းလွှဲပြောင်းမည်

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက နတ်ရွာစံဘုရင်ကြီး ဘူမိဘောအတွက် ၁၅ ရက်ကြာ ဈာပနအခမ်းအနားတွေကို ကျင်းပပြီးစီးတဲ့အခါမှာ ထီးနန်းလွှဲပြောင်းတဲ့ အခမ်းအနားကို ဆက်လက် ကျင်းပမယ်လို့ ပြောပါတယ်။ ထီးမွေနန်းမွေ လွှဲပြောင်းပေးမယ့်ကိစ္စဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဖြစ်မှာမို့လို့ ထိုင်းပြည်သူတွေအနေနဲ့ စိုးရိမ်စရာ မလိုဘူးကြောင်း အစိုးရအဖွဲ့အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။ ၁၅ ရက်ကြာ ဈာပန အခမ်းအနားကို ကျင်းပပြီးတဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃ အတိုင်း အကောင်အထည်ဖော်ဖို့ သင့်တော်တဲ့အချိန်ကို ရောက်လာလိမ့်မယ်လို့ ဆိုပါတယ်၊ သက်တော် ၈၈ နှစ်အရွယ်ရှိ ထိုင်းဘုရင်ကြီး ဘူမိဘောဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က နတ်ရွာစံခဲ့ပါတယ်။ အိမ်ရှေ့စံမင်သားကလည်း သူ့ခမည်းတော်ရဲ့ ဈာပနအခမ်းအနားပြီးတဲ့အခါကျမှပဲ နန်းးတက်ပွဲ အခမ်းအနားကို ကျင်းပဖို့ ဆန္ဒရှိတယ်လို့ မေတ္တာရပ်ခံထားပါတယ်။ ဒါပေမယ့် ထိုင်းတော်ဝင်ထုံးတမ်းအစဉ်အလာအရ နန်းတက်ပွဲ အခမ်းအနားမှာ မကျင်းပခင်မှာ ဘုရင်ကြီး မရှိတဲ့အခါ အိမ်ရှေ့စံမင်းသားက ဘုရင်အဖြစ်  နန်းမွေ ဆက်ခံ နိုင်ပါတယ်။ ထိုင်းဘုရင်ကြီး ဘူမိဘောဟာ ထိုင်းနိုင်ငံရဲ့ ဦးသျှောင်အဖြစ် နှစ်ပေါင်း ၇၀ ကြာ စံမြန်းခဲ့ပါတယ်။ ဘုရင်ကြီးရဲ့ ဈာပန အခမ်းအနားပြီးရင်လည်း ဝမ်းနည်းဖွယ် တနှစ်တာ သတ်မှတ်ထား ပါတယ်။
4 years Ago
Up