တောင်ပံတိုက်စစ်မှူး ဂျေဒန်ဆန်ချိုကို ဆက်ထိန်းနိုင်မယ်လို့ အာမ မခံနိုင်ကြောင်း ဒေါ့မွန်နည်းပြ လူစီယန်ဖာက ဝန်ခံလိုက်ပါတယ်။
အင်္ဂလန်ကစားသမား ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြနေပြီး မန်ယူအသင်းအပါအဝင် ဥရောပထိပ်တန်းအသင်းတွေက ခေါ်ယူလိုနေတာပါ။
ဆန်ချိုရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတခုမှာ နည်းပြ လူစီယန်ဖာက ဘာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်ကြောင်း၊ ဆန်ချိုရော၊ နောက်ခံလူ ဟာကီမီရော အသင်းမှာ ဆက်ရှိစေချင်ပေမယ့် အသင်းကနေ ထွက်ခွာတာလည်း ဖြစ်နိုင်တယ်လို့ နည်းပြ ပြောပါတယ်။
ဆန်ချိုဟာ ဒေါ့မွန်နဲ့ ၂ နှစ်သက်တမ်းကျန်ရှိနေသေးပြီး လီဗာပူး၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတွေကလည်း ခေါ်ယူလိုနေတာပါ။
ဒေါ့မွန်ဘက်ကတော့ အင်္ဂလန်လက်ရွေးစင် ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးကို ပေါင်သန်း ၁၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
9 months Ago