နည်းပြ လန်းပတ်ပြော

September 16, 2019

ချဲလ်ဆီး အဆင့် ၆ နေရာရဖို့ အာမခံချက်မရှိဘူးလို့ နည်းပြ လမ်းပတ်ပြော

ချဲလ်ဆီးအသင်းအနေနဲ့ ပရီမီးယားလိဂ်ဇယားမှာ အဆင့် ၆ နေရာကိုတောင် ရဖို့ အာမခံချက်မရှိဘူးလို့ နည်းပြ လမ်းပတ်က ဝန်ခံပြောကြားလိုက်ပါတယ်။ အသင်းရဲ့ အဓိက ကစားသမားတွေ ထွက်သွားသလို ကစားသမား အသစ်ဝယ်ယူခွင့် ပိတ်ခံထားရတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ယူရိုပါလိဂ် ဝင်ခွင့်ရမယ့် အဆင့် ၆ နေရာကိ်တောင် ရဖို့ ခက်ခဲနေတယ်လို့ သူက သုံးသပ်ပြောဆိုခဲ့တာပါ။ ဝုဒ် အသင်းနဲ့ မကစားခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသင်းရဲ့ အခြေအနေနဲ့  ပြိုင်ဘက်အသင်းတွေရဲ့ အခြေအနေတွေနဲ့ပက်သက်ပြီး လမ်းပတ်က ပြောဆိုခဲ့တာပါ။  အဲဗာတန်၊ ဝက်ဟန်းနဲ့ လက်စတာ စတဲ့ အသင်းတွေဟာလည်း ကစားသမားတွေ အားဖြည့်ထားတာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့အဆင့် ၆ နေရာကို ရဖို့ ရုန်းကန်ရနိုင်တယ်လို့ သူက ပြောဆိုခဲ့တာပါ။ ထိပ်ဆုံး ၄ နေရာကို ရာသီစကတည်းက မှန်းလို့ရနိုင်ပေမယ့် ထိပ်ဆုံး ၆ နေရာကိုတော့ မှန်းဖို့ ခက်နိုင်တယ်လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။ ================================= ခွဲလ္ဆီးအဆင့္ ၆ ေနရာရဖို႔ အာမခံခ်က္မရွိဘူးလို႔ နည္းျပ လမ္းပတ္ေျပာ DVB ခ်ဲလ္ဆီးအသင္းအေနနဲ႔ ပရီမီးယားလိဂ္ဇယားမွာ အဆင့္ ၆ ေနရာကိုေတာင္ ရဖို႔ အာမခံခ်က္မရွိဘူးလို႔ နည္းျပ လမ္းပတ္က ဝန္ခံေျပာၾကားလိုက္ပါတယ္။ အသင္းရဲ႕ အဓိက ကစားသမားေတြ ထြက္သြားသလို ကစားသမား အသစ္ဝယ္ယူခြင့္ ပိတ္ခံထားရတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ယူ႐ိုပါလိဂ္ ဝင္ခြင့္ရမယ့္ အဆင့္ ၆ ေနရာကိ္ေတာင္ ရဖို႔ ခက္ခဲေနတယ္လို႔ သူက သုံးသပ္ေျပာဆိုခဲ့တာပါ။ ဝုဒ္ အသင္းနဲ႔ မကစားခင္ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အသင္းရဲ႕ အေျခအေနနဲ႔  ၿပိဳင္ဘက္အသင္းေတြရဲ႕ အေျခအေနေတြနဲ႔ပက္သက္ၿပီး လမ္းပတ္က ေျပာဆိုခဲ့တာပါ။ အဲဗာတန္၊ ဝက္ဟန္းနဲ႔ လက္စတာ စတဲ့ အသင္းေတြဟာလည္း ကစားသမားေတြ အားျဖည့္ထားတာေၾကာင့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔အဆင့္ ၆ ေနရာကို ရဖို႔ ႐ုန္းကန္ရႏိုင္တယ္လို႔ သူက ေျပာဆိုခဲ့တာပါ။ ထိပ္ဆုံး ၄ ေနရာကို ရာသီစကတည္းက မွန္းလို႔ရႏိုင္ေပမယ့္ ထိပ္ဆုံး ၆ ေနရာကိုေတာ့ မွန္းဖို႔ ခက္ႏိုင္တယ္လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။
2 years Ago
Up