နည်းပြ မိုယက်စ်

October 5, 2020

ကိုဗစ်ရောဂါမပျောက်သဖြင့် ကွင်းထဲ ပြန်မလာနိုင်သေးဟု ဝက်စ်ဟမ်းနည်းပြ ပြော

ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေ ခံစားရသေးတာကြောင့် ကွင်းထဲပြန်လာဖို့ မဖြစ်နိုင်သေးကြောင်း ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ပြောပါတယ်။  မိုယက်စ်ဟာ  စက်တင်ဘာ ၂၂ ရက်ကတည်းက ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့တာပါ။  မိုယက်စ်နဲ့အတူ ကစားသမား ၂ ဦးဖြစ်တဲ့ အစ်ဆာဒီအော့နဲ့ ဂျို့စ်ကယ်လန်တို့မှာလည်း ပိုးတွေ့ ရှိခဲ့တာဖြစ်ပါတယ်။  နည်းပြမိုယက်စ်အနေနဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် သီးသန့်နေထိုင်နေရပြီး အသင်းရဲ့ ပွဲစဉ် ၄ ပွဲကိုလည်း လက်ထောက် နည်းပြအဖွဲ့က ဆက်လက်တာဝန်ယူခဲ့ရတာပါ။  မနေ့က ကစားခဲ့တဲ့လက်စတာနဲ့ပွဲမှာ ကွင်းထဲ ပြန်လည်ဝင်ရောက်ပြီး အနီးကပ်ကြီးကြပ် နိုင်ဖို့ မျှော်မှန်းထားပေမယ့် ကိုဗစ်-၁၉ ရောဂါလက္ခဏာ အနည်းငယ်ရှိသေးတာကြောင့် ဆက်လက် အနားယူသွားရမယ်လို့ မိုယက်စ်က အသင်းဝက်ဘ်ဆိုဒ်ကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။
7 months Ago
Up